အေမရိကန္ကမ္းေျခေစာင့္တပ္ဖြဲ႔ ကိုကင္းမူးယစ္ေဆး ၃ ေထာင္ကီလို ဂရမ္နီးပါး သိမ္းဆည္းရရွိ

0
297

အေမရိကန္ ကမ္းေျခေစာင့္တပ္ဖြဲ႔ေတြဟာ ျပီးခဲ့တဲ႔စက္တင္ဘာက စတင္ျပီး ေအာက္တုိဘာ လ အတြင္းမွာ ပစိဖိတ္ သမုဒၵရာရဲ့ အေရွ႔ပိုင္းမွာ မူးယစ္စစ္ဆင္ေရးကို ျပဳလုပ္ခဲ့ရာ ကိုကင္းမူးယစ္ေဆး ၂၉၈၀ ကီလိုဂရမ္ကို သိမ္းဆည္းရရွိခဲ့ၾကပါတယ္။

အဲ့ဒါအျပင္ မေန႔ ေအာက္တုိဘာ ၂၅ ရက္ေန႔ကလည္း ကိုကင္း မူးယစ္ေဆးအေျမာက္အျမားကုိ သိမ္းဆည္းရရွိခဲ့တယ္လို႔ ကမ္းေျခေစာင့္တပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

အမ်ားအျပားသိမ္းဆည္းရရွိခဲ့တဲ႔ မူးယစ္ေဆးေတြကို ကယ္လီဖုိးနီးယားျပည္နယ္ စန္ဒီဂို  ဆိပ္ကမ္းျမိဳ႔ အနီး စြန္႔ပစ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ ကိုကင်းမူးယစ်ဆေး ၃ ထောင်ကီလို ဂရမ်နီးပါး သိမ်းဆည်းရရှိ

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့စက်တင်ဘာက စတင်ပြီး အောက်တိုဘာ လ အတွင်းမှာ ပစိဖိတ် သမုဒ္ဒရာရဲ့ အရှေ့ပိုင်းမှာ မူးယစ်စစ်ဆင်ရေးကို ပြုလုပ်ခဲ့ရာ ကိုကင်းမူးယစ်ဆေး ၂၉၈၀ ကီလိုဂရမ်ကို သိမ်းဆည်းရရှိခဲ့ကြပါတယ်။

အဲ့ဒါအပြင် မနေ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ကိုကင်း မူးယစ်ဆေးအမြောက်အမြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အများအပြားသိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးတွေကို ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီဂို ဆိပ်ကမ်းမြို့ အနီး စွန့်ပစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)