အသက္ ၉၄ ႏွစ္အရြယ္ နာဇီ SS တပ္ဖြဲ႔ဝင္ေဟာင္းကို ခံု႐ံုးတင္

0
783

အခု အသက္ ၉၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ နာဇီ SS လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေဟာင္းကို စတုေအာ့ဖ္ နာဇီ အက်ဥ္းစခန္းအတြင္း အက်ဥ္းသား ရာနဲ႔ခ်ီၿပီး သတ္ျဖတ္မႈမွာ ႀကံရာပါအျဖစ္ ခံု႐ံုးတင္ အျပစ္ေပးမွာ ျဖစ္ပါတယ္။

 

ဂ်ာမနီ အေနာက္ပိုင္း မူအင္စတာရွိ ေဒသတရား႐ံုးက အမည္မေဖာ္ျပတဲ့ အဲဒီ နာဇီ SS တပ္ဖြဲ႔ဝင္ေဟာင္းကို စစ္ေဆးမွာ ျဖစ္ၿပီး ျပစ္မႈက်ဴးလြန္စဥ္ အသက္ ၂၁ ႏွစ္ မျပည့္ေသးပါဘူး။ သူဟာ ၁၉၄၂ ခုႏွစ္နဲ႔ ၁၉၄၅ ခုႏွစ္ၾကားမွာ အက်ဥ္းစခန္းအတြင္း ရာနဲ႔ခ်ီတဲ့ အက်ဥ္းသားေတြကို သတ္ျဖတ္မႈမွာ ပူးေပါင္းႀကံစည္တယ္လို႔ စြပ္စြဲခံထားရပါတယ္။

စတုေအာ့ဖ္ အက်ဥ္းစခန္းမွာ ၁၉၄၄ ခုႏွစ္ ဇြန္လ ၂၁ ရက္နဲ႔ ၂၂ ရက္မွာ ပိုလန္ အက်ဥ္းသား ၁၀၀ ေက်ာ္၊ ၁၉၄၄ ခုႏွစ္ ၾသဂုတ္နဲ႔ ဒီဇင္ဘာလအတြင္း ဂ်ဴးအက်ဥ္းသား ရာေပါင္းမ်ားစြာ အသတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသက် ၉၄ နှစ်အရွယ် နာဇီ SS တပ်ဖွဲ့ဝင်ဟောင်းကို ခုံရုံးတင်

အခု အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာဇီ SS လုံခြုံရေး တပ်ဖွဲ့ဝင်ဟောင်းကို စတုအော့ဖ် နာဇီ အကျဉ်းစခန်းအတွင်း အကျဉ်းသား ရာနဲ့ချီပြီး သတ်ဖြတ်မှုမှာ ကြံရာပါအဖြစ် ခုံရုံးတင် အပြစ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ အနောက်ပိုင်း မူအင်စတာရှိ ဒေသတရားရုံးက အမည်မဖော်ပြတဲ့ အဲဒီ နာဇီ SS တပ်ဖွဲ့ဝင်ဟောင်းကို စစ်ဆေးမှာ ဖြစ်ပြီး ပြစ်မှုကျူးလွန်စဉ် အသက် ၂၁ နှစ် မပြည့်သေးပါဘူး။ သူဟာ ၁၉၄၂ ခုနှစ်နဲ့ ၁၉၄၅ ခုနှစ်ကြားမှာ အကျဉ်းစခန်းအတွင်း ရာနဲ့ချီတဲ့ အကျဉ်းသားတွေကို သတ်ဖြတ်မှုမှာ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲခံထားရပါတယ်။

စတုအော့ဖ် အကျဉ်းစခန်းမှာ ၁၉၄၄ ခုနှစ် ဇွန်လ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ပိုလန် အကျဉ်းသား ၁၀ဝ ကျော်၊ ၁၉၄၄ ခုနှစ် သြဂုတ်နဲ့ ဒီဇင်ဘာလအတွင်း ဂျူးအကျဉ်းသား ရာပေါင်းများစွာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)