ေမြးကင္းစကေလး အေသကို ပစၥည္းထည့္ ေလာ္ကာထဲ ထည့္သိမ္းထားတဲ့ ဂ်ပန္အမ်ိဳးသမီး အဖမ္းခံရ

0
1479

အသက္မပါဘဲ ေမြးလာတဲ့ ေမြးကင္းစကေလးငယ္ကို ပစၥည္းထည့္တဲ့ ေလာ္ကာထဲ ႏွစ္ေပါင္းမ်ားစြာ ထည့္သိမ္းထားခဲ့တဲ့ အသက္ ၄၉ ႏွစ္အရြယ္ ဂ်ပန္အမ်ိဳးသမီးကို တိုက်ိဳရဲက ဖမ္းဆီးလိုက္ပါတယ္။

အဲမီရီ ဆူဇာကိဆိုသူ အမ်ိဳးသမီးက လြန္ခဲ့တဲ့ ေလး၊ ငါးႏွစ္ေလာက္က ေမြးကင္းစကေလးငယ္ကို ထည့္သိမ္းထားခဲ့တာ ျဖစ္တယ္လို႔ ရဲကို ဝန္ခံခဲ့ပါတယ္။ တိုက်ိဳရွိ ဘူတာ႐ံုတစ္ခုရွိ ပစၥည္းထည့္တဲ့ ေလာ္ကာထဲမွာ ကေလးငယ္ရဲ႕ ႐ုပ္ၾကြင္းကို ပလတ္စတစ္နဲ႔ ထုတ္ထားတာကို ရဲေတြက ေတြ႔ရွိခဲ့ပါတယ္။

ဆူဇာကိက ေလာ္ကာ ငွားခကို ေလး၊ ငါးႏွစ္ တေလွ်ာက္လံုး ေပးေဆာင္ခဲ့ပါတယ္။ သူက ကေလး အသက္မပါဘဲ ေမြးလာခဲ့တဲ့အတြက္ ထိတ္လန္႔ခဲ့ေၾကာင္း၊ ဒါေပမယ့္ ကေလးငယ္ အေလာင္းကိုလည္း မပစ္ရက္တဲ့အတြက္ အခုလို သိမ္းထားတာ ျဖစ္ေၾကာင္း ရဲကိုထြက္ဆိုခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွေးကင်းစကလေး အသေကို ပစ္စည်းထည့် လော်ကာထဲ ထည့်သိမ်းထားတဲ့ ဂျပန်အမျိုးသမီး အဖမ်းခံရ

အသက်မပါဘဲ မွေးလာတဲ့ မွေးကင်းစကလေးငယ်ကို ပစ္စည်းထည့်တဲ့ လော်ကာထဲ နှစ်ပေါင်းများစွာ ထည့်သိမ်းထားခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် ဂျပန်အမျိုးသမီးကို တိုကျိုရဲက ဖမ်းဆီးလိုက်ပါတယ်။

အဲမီရီ ဆူဇာကိဆိုသူ အမျိုးသမီးက လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်က မွေးကင်းစကလေးငယ်ကို ထည့်သိမ်းထားခဲ့တာ ဖြစ်တယ်လို့ ရဲကို ဝန်ခံခဲ့ပါတယ်။ တိုကျိုရှိ ဘူတာရုံတစ်ခုရှိ ပစ္စည်းထည့်တဲ့ လော်ကာထဲမှာ ကလေးငယ်ရဲ့ ရုပ်ကြွင်းကို ပလတ်စတစ်နဲ့ ထုတ်ထားတာကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။

ဆူဇာကိက လော်ကာ ငှားခကို လေး၊ ငါးနှစ် တလျှောက်လုံး ပေးဆောင်ခဲ့ပါတယ်။ သူက ကလေး အသက်မပါဘဲ မွေးလာခဲ့တဲ့အတွက် ထိတ်လန့်ခဲ့ကြောင်း၊ ဒါပေမယ့် ကလေးငယ် အလောင်းကိုလည်း မပစ်ရက်တဲ့အတွက် အခုလို သိမ်းထားတာ ဖြစ်ကြောင်း ရဲကိုထွက်ဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)