ထိခိုက္ေအာင္လုပ္မယ္ဆုိရင္ အီရန္ႏိုင္ငံ ငရဲကို သြားရမယ္လို႔ အေမရိကန္ သတိေပး

0
910

အီရန္ႏုိင္ငံအေနနဲ႔ အေမရိကန္ႏုိင္ငံအျပင္ ႏုိင္ငံသားေတြ၊ မဟာမိတ္ေတြကို ထိခိုက္ေအာင္ လုပ္မယ္ဆုိရင္ ငရဲကို သြားရမယ္လို႔ အေမရိကန္ အမ်ိဳးသားလံုၿခံဳေရး အႀကံေပးအရာရွိ ဂၽြန္ေဘာလ္တန္က ေျပာပါတယ္။


အီရန္ဟာ အေရွ႕အလယ္ပိုင္းကို ဖ်က္ဆီးေအာင္ လုပ္ေဆာင္ေနတယ္လို႔ သမၼတေဒၚနယ္ထရမ့္က စြပ္စြဲခဲ့ၿပီးေနာက္ အေမရိကန္ အမ်ိဳးသားလံုၿခံဳေရး အႀကံေပးအရာရွိက ထပ္မံေျပာဆုိခဲ့တာ ျဖစ္ပါတယ္။ အီရန္ႏိုင္ငံဟာ လိမ္လည္မႈေတြ ဆက္လက္လုပ္ေဆာင္မယ္ဆုိရင္ ဆုိးရြားတဲ့ အက်ိဳးဆက္ေတြ ရင္ဆုိင္ရမယ္လို႔ သမၼတထရမ့္က ေျပာပါတယ္။

အေမရိကန္ႏိုင္ငံဟာ အီရန္နဲ႔ ခ်ဳပ္ဆုိထားတဲ့ ႏ်ဴကလီးယားစာခ်ဳပ္ကို ဖ်က္သိမ္းလုိက္ၿပီးေနာက္ အီရန္ကို ပိတ္ဆုိ႔မႈ ေတြ ျပန္လည္ခ်မွတ္ခဲ့ရာ ႏွစ္ႏုိင္ငံၾကား တင္းမာမႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိခိုက်အောင်လုပ်မယ်ဆိုရင် အီရန်နိုင်ငံ ငရဲကို သွားရမယ်လို့ အမေရိကန် သတိပေး

အီရန်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံအပြင် နိုင်ငံသားတွေ၊ မဟာမိတ်တွေကို ထိခိုက်အောင် လုပ်မယ်ဆိုရင် ငရဲကို သွားရမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဂျွန်ဘောလ်တန်က ပြောပါတယ်။

အီရန်ဟာ အရှေ့အလယ်ပိုင်းကို ဖျက်ဆီးအောင် လုပ်ဆောင်နေတယ်လို့ သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီးနောက် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိက ထပ်မံပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ လိမ်လည်မှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ အီရန်နဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကို ဖျက်သိမ်းလိုက်ပြီးနောက် အီရန်ကို ပိတ်ဆို့မှု တွေ ပြန်လည်ချမှတ်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)