
0
166


 

 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နျူကလီးယား ဖျက်သိမ်းပြီးချိန်အထိ မြောက်ကိုရီးယားကို ပိတ်ဆို့ထားမယ်လို့ သမ္မတထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ နျူကလီးယား ဖျက်သိမ်းပြီးချိန်အထိ ဆက်ရှိနေသွားမယ်လို့ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား ဆွေးနွေးမှု အရင်ကထက် တိုးတက်မှုတွေရှိနေချိန်မှာ သမ္မတထရမ့်က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမိုင်းဝင် ထိပ်သီး တွေ့ဆုံခဲ့ပြီးနောက် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဖို့ အလားအလာ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)