
0
332




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေအိမ်ကို ပျားတွေရောက်လာရာမှာ ပျားရည်နဲ့ ပျားသလက် ကီလို ၃၀ နီးပါးစုဆောင်းမိ

သြစတြေးလျနိုင်ငံ၊ နယူးကက်ဆယ်မြို့က နေအိမ်တစ်အိမ်ကို ပျားတွေထောင်ပေါင်းများစွာ ရောက်ရှိပြီး အသိုက်အုံဖွဲ့နေခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရဲ့ နံရံတစ်လျှောက်မှာ စွဲနေတဲ့အဲဒီပျားအုံကြီးအကြီးကို မီဒီယာတွေမှာ ရိုက်ကူးဖော်ပြခဲ့ကြပါတယ်။

အိမ်ပိုင်ရှင် ဆူသာလန်ဟာ သူ့နေအိမ်ကို ပျားတွေ စက်တင်ဘာ ၂၃ ရက်နေ့က စတင်ရောက်ရှိလာ တာကို သတိထားမိခဲ့ပါတယ်။ ပျားတွေထွက်ခွာသွားဖို့နဲ့ ပျားသလက်တွေကို ဖယ်ရှားဖို့ အင်္ဂတေ နံရံနေရာ ပလတ်စတင်တွေ အုပ်ထားခဲ့ တာဖြစ်ပါတယ်။

အခုဆိုရင် သူ့အိမ်မှာ ၃ ရက်အတွင်း ပျားသလပ် နဲ့ ပျားရည် ကီလို ၃၀ နီးပါး စုစည်းနိုင်ခဲ့ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)