သမၼတ ထရမ့္ရဲ႕ ရန္စတဲ့ စာသားေတြကို မဖ်က္ဘူးလို႔ တြစ္တာ ေျပာ

0
271

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က လူမႈကြန္ရက္ တြစ္တာမွာ ေရးသားေနမႈေတြဟာ စစ္ေၾကညာတာ ျဖစ္တယ္လို႔ ေျမာက္ကိုရီးယား သံအမတ္က ေျပာေပမယ့္ သမၼတ ထရမ့္ေရးတာေတြက သတင္းတန္ဖိုးရွိလို႔ မဖ်က္ဘူးလို႔ တြစ္တာက တံု႔ျပန္လိုက္ပါတယ္။

ကုလသမဂၢ အေထြေထြ ညီလာခံကို တက္ေရာက္လာတဲ့ ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီး ရီေယာင္ဟိုက မေန႔က စက္တင္ဘာ ၂၅ ရက္ေန႔မွာ သတင္းေထာက္ေတြနဲ႔ ေတြ႔ဆံုၿပီး အေမရိကန္က ေျမာက္ကိုရီးယားကို စစ္ေၾကညာတာ ျဖစ္တဲ့အတြက္ အတိုင္းအတာအတိုင္း တံု႔ျပန္မွာ ျဖစ္တယ္၊ ေျမာက္ကိုရီးယား ပိုင္နက္ထဲ ဝင္တာ မဟုတ္လည္း အေမရိကန္ ဗံုႀကဲေလယာဥ္ကို ပစ္ခ်ခြင့္ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီး ကုလသမဂၢမွာ ေျပာတာ ၾကားလိုက္ရတယ္၊ ဒံုးက်ည္လူသားေလး (ကင္ဂ်ံဳအန္းကို ဆိုလို) ရဲ႕ အေတြးကို သံေယာင္လိုက္ေနတာဆိုရင္ သူတို႔ေတာ့ သက္ဆိုးရွည္မွာ မဟုတ္ဘူးလို႔ သမၼတ ထရမ့္က တြစ္တာမွာ ေရးသားခဲ့တာကို ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးက တံု႔ျပန္တာ ျဖစ္ပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ထရမ့်ရဲ့ ရန်စတဲ့ စာသားတွေကို မဖျက်ဘူးလို့ တွစ်တာ ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် တွစ်တာမှာ ရေးသားနေမှုတွေဟာ စစ်ကြေညာတာ ဖြစ်တယ်လို့ မြောက်ကိုရီးယား သံအမတ်က ပြောပေမယ့် သမ္မတ ထရမ့်ရေးတာတွေက သတင်းတန်ဖိုးရှိလို့ မဖျက်ဘူးလို့ တွစ်တာက တုံ့ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက မနေ့က စက်တင်ဘာ ၂၅ ရက်နေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အမေရိကန်က မြောက်ကိုရီးယားကို စစ်ကြေညာတာ ဖြစ်တဲ့အတွက် အတိုင်းအတာအတိုင်း တုံ့ပြန်မှာ ဖြစ်တယ်၊ မြောက်ကိုရီးယား ပိုင်နက်ထဲ ဝင်တာ မဟုတ်လည်း အမေရိကန် ဗုံကြဲလေယာဉ်ကို ပစ်ချခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကုလသမဂ္ဂမှာ ပြောတာ ကြားလိုက်ရတယ်၊ ဒုံးကျည်လူသားလေး (ကင်ဂျုံအန်းကို ဆိုလို) ရဲ့ အတွေးကို သံယောင်လိုက်နေတာဆိုရင် သူတို့တော့ သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့ သမ္မတ ထရမ့်က တွစ်တာမှာ ရေးသားခဲ့တာကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)