ေဂ်႐ုစလင္ ပစ္ခတ္မႈ ၃ ဦးေသ

0
285

အစၥေရးႏိုင္ငံ၊ ေဂ်႐ုစလင္ၿမိဳ႕ျပင္မွာ ျဖစ္ပြားတဲ့ ပစ္ခတ္တိုက္ခိုက္မႈ အတြင္းမွာ ၃ ဦး ေသဆံုးတယ္လို႔ အစၥေရးရဲနဲ႔ ဆရာဝန္ေတြက ေျပာပါတယ္။

ဒီေန႔ စက္တင္ဘာ ၂၆ ရက္ေန႔ မနက္ပိုင္းက ဟက္အဒါ အျပင္ဘက္မွာ ပစ္ခတ္တိုက္ခိုက္မႈတစ္ခု ျဖစ္ပြားတာလို႔ ရဲေျပာခြင့္ရ မစ္ကီ ႐ိုဆန္ဖီးလ္က ေျပာပါတယ္။ ေသနတ္နဲ႔ ပစ္ခတ္တိုက္သူဟာ ဘယ္သူဆိုတာ အစၥေရးရဲ႕ ထုတ္ေဖာ္ မေျပာေပမယ့္ ဒါဟာ အၾကမ္းဖက္မႈ ျဖစ္တယ္လို႔ေတာ့ ေျပာပါတယ္။ ဒဏ္ရာရသူ တစ္ေယာက္ကေတာ့ အေျခအေန ဆိုးပါတယ္။

၂၀၁၅ ခုႏွစ္ကစၿပီး ပါလက္စတိုင္းေတြ သတ္ျဖတ္မႈေၾကာင့္ အေမရိကန္ ခရီးသည္ ၂ ဦး၊ ၿဗိတိသွ် ခရီးသည္ ၁ ဦးအပါအဝင္ အစၥေရး ၄၈ ဦး ေသဆံုးပါတယ္။ အစၥေရးလံုၿခံဳေရး တပ္ဖြဲ႔ေတြက တိုက္ခိုက္သူေတြဆိုၿပီး ႏွိမ္နင္းတဲ့အတြက္လည္း ပါလက္စတိုင္း ၂၅၅ ဦး ေသဆံုးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျေရုစလင် ပစ်ခတ်မှု ၃ ဦးသေ

အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့ပြင်မှာ ဖြစ်ပွားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အတွင်းမှာ ၃ ဦး သေဆုံးတယ်လို့ အစ္စရေးရဲနဲ့ ဆရာဝန်တွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ဟက်အဒါ အပြင်ဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားတာလို့ ရဲပြောခွင့်ရ မစ်ကီ ရိုဆန်ဖီးလ်က ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်တိုက်သူဟာ ဘယ်သူဆိုတာ အစ္စရေးရဲ့ ထုတ်ဖော် မပြောပေမယ့် ဒါဟာ အကြမ်းဖက်မှု ဖြစ်တယ်လို့တော့ ပြောပါတယ်။ ဒဏ်ရာရသူ တစ်ယောက်ကတော့ အခြေအနေ ဆိုးပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး ပါလက်စတိုင်းတွေ သတ်ဖြတ်မှုကြောင့် အမေရိကန် ခရီးသည် ၂ ဦး၊ ဗြိတိသျှ ခရီးသည် ၁ ဦးအပါအဝင် အစ္စရေး ၄၈ ဦး သေဆုံးပါတယ်။ အစ္စရေးလုံခြုံရေး တပ်ဖွဲ့တွေက တိုက်ခိုက်သူတွေဆိုပြီး နှိမ်နင်းတဲ့အတွက်လည်း ပါလက်စတိုင်း ၂၅၅ ဦး သေဆုံးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)