
0
347




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရက်ဖိုဒ်နဲ့ ဖယ်လိုင်နီကို မော်ရင်ဟို စာချုပ်သက်တမ်းတိုးလို

မန်ယူနည်းပြ မော်ရင်ဟိုက အသင်းတိုက်စစ်မှူး ရက်ဖိုဒ့် နဲ့ ကွင်းလယ်လူ ဖယ်လိုင်နီတို့ကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမရောက်မီ စာချုပ်သက်တမ်းတိုးဖို့ လိုလားနေပါတယ်။

အသက် ၁၉ နှစ် အရွယ်ရှိ ရက်ဖိုဒ့်ဟာ နည်းပြမော်ရင်ဟို လက်အောက်မှာ အခွင့်ရေးတွေ ရရှိခဲ့ပြီး မော်ရင်ဟိုရဲ့ လမ်းညွန်ချက်အတိုင်း ဆောင်ရွက်နိုင်မှုတွေကြောင့် ကစားခွင့်တွေ ရနေသူဖြစ်ပါတယ်။ ဖယ်လိုင်နီမှာလည်း အသင်းရဲ့အဓိက ကစားသမားတစ်ဦး ဖြစ်တာကြောင့် နည်းပြ မော်ရင်ဟိုဟာ စာချုပ်သက်တမ်းဖို့ လိုလားနေတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဖယ်လိုင်နီဟာ မန်ယူအသင်းနဲ့ ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပါတယ်။ ဖယ်လိုင်နီဟာ ကစားခွင့်ပုံမှန်မရလို့ အစောပိုင်းက မန်ယူ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နည်းပြမော်ရင်ဟိုက ဖယ်လိုင်နီကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)