မြတ္စလင္ မဟုတ္သူေတြ အဝတ္ေလွ်ာ္ခြင့္မျပဳတဲ့ ဆိုင္ ေဝဖန္ခံေနရ

0
271

မေလးရွားမွာ အေၾကြေစ့ထည့္ၿပီး အဝတ္ေလွ်ာ္ရတဲ့ ဆိုင္တစ္ဆိုင္က မြတ္စလင္မဟုတ္သူေတြ အဝတ္ေလွ်ာ္ခြင့္မျပဳဆိုတဲ့       ကန္႔သတ္ခ်က္ေၾကာင့္ အႀကီးအက်ယ္ ေဝဖန္ခံေနရပါတယ္။

ဂ်ိဳဟာျပည္နယ္၊ မူအာၿမိဳ႕က ကိုယ္တိုင္ေလွ်ာ္ အဝတ္ေလွ်ာ္စက္ဆိုင္မွာ သန္႔ရွင္းမႈအတြက္ မြတ္စလင္မ်ားသာ အဝတ္ေလွ်ာ္ခြင့္ျပဳတယ္ဆိုတဲ့ ေၾကညာခ်က္ေၾကာင့္ လူမႈကြန္ရက္ မီဒီယာေတြေပၚမွာပါ ေဝဖန္ခံေနရတာ ျဖစ္ပါတယ္။

မေလရွား တ႐ုတ္၊ အိႏၵိယႏြယ္ဖြား လူနည္းစုေတြအေပၚ ကန္႔သတ္မႈျဖစ္လို႔ အြန္လိုင္းမွာ အႀကီးအက်ယ္ ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ နာဂ်စ္ ရာဇတ္ မဲဆြယ္စဥ္က ေျပခဲ့သလို တိုင္းရင္းသားလူမ်ိဳးစုေတြ ညီညြတ္ေရးကို ေဖာ္ေဆာင္ခ်င္ရင္ ဒီလို ဘာသာနဲ႔ လူမ်ိဳးေရးအေပၚ ခြဲျခားတဲ့ ေၾကာ္ျငာမ်ိဳးေတြကို ပိတ္ပင္ရမယ္လို႔ ေထာက္ျပၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွတ်စလင် မဟုတ်သူတွေ အဝတ်လျှော်ခွင့်မပြုတဲ့ ဆိုင် ဝေဖန်ခံနေရ

မလေးရှားမှာ အကြွေစေ့ထည့်ပြီး အဝတ်လျှော်ရတဲ့ ဆိုင်တစ်ဆိုင်က မွတ်စလင်မဟုတ်သူတွေ အဝတ်လျှော်ခွင့်မပြုဆိုတဲ့ ကန့်သတ်ချက်ကြောင့် အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။

ဂျိုဟာပြည်နယ်၊ မူအာမြို့က ကိုယ်တိုင်လျှော် အဝတ်လျှော်စက်ဆိုင်မှာ သန့်ရှင်းမှုအတွက် မွတ်စလင်များသာ အဝတ်လျှော်ခွင့်ပြုတယ်ဆိုတဲ့ ကြေညာချက်ကြောင့် လူမှုကွန်ရက် မီဒီယာတွေပေါ်မှာပါ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

မလေရှား တရုတ်၊ အိန္ဒိယနွယ်ဖွား လူနည်းစုတွေအပေါ် ကန့်သတ်မှုဖြစ်လို့ အွန်လိုင်းမှာ အကြီးအကျယ် ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် မဲဆွယ်စဉ်က ပြေခဲ့သလို တိုင်းရင်းသားလူမျိုးစုတွေ ညီညွတ်ရေးကို ဖော်ဆောင်ချင်ရင် ဒီလို ဘာသာနဲ့ လူမျိုးရေးအပေါ် ခွဲခြားတဲ့ ကြော်ငြာမျိုးတွေကို ပိတ်ပင်ရမယ်လို့ ထောက်ပြကြပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)