ေဆာ္ဒီအာေရဗ်မွာ လူနည္းစုေတြကို အမုန္းစကားေျပာ၊ ဖိႏွိပ္

0
265

ေဆာ္ဒီအာေရဗ်မွာ အစိုးရအရာရွိေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြ၊ အသင္းအဖြဲ႔ေတြဟာ လူနည္းစု ရွီယာ မြတ္စလင္ေတြအပါအဝင္၊ ဘာသာကြဲ လူနည္းစုေတြအေပၚ အမုန္းစကားေျပာၾကားမႈနဲ႔ ခြဲျခားဖိႏွိပ္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ (HRW) က ေျပာပါတယ္။

အစိုးရက ခန္႔အပ္ထားတဲ့ ပညာရွင္ေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြက ခြဲျခားေျပာဆိုတာ၊ ဖိႏွိပ္တာေတြကို ေဆာ္ဒီအာေရဗ် အစိုးရက လႊတ္ေပးထားတယ္လို႔ HRW ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

လူနည္းစု ရွီယာမြတ္စလင္ေတြ၊ အျမင္မတူသူေတြကို လူမႈကြန္ရက္ မီဒီယာ၊ အင္တာနက္ေတြေပၚကေန ခြဲျခားဖိႏွိပ္ ေျပာဆိုတာ၊ မုန္းတီးေစမယ့္ ေသြးထိုးစကားေျပာတာေတြကို ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။ လူနည္းစုနဲ႔ ဘာသာမတူသူေတြကို တိုက္ခိုက္ေျပာဆိုဖို႔ အလုပ္ခန္႔ေပးထားတာက အဆိုးရြားဆံုးျဖစ္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီအာရေဗျမှာ လူနည်းစုတွေကို အမုန်းစကားပြော၊ ဖိနှိပ်

ဆော်ဒီအာရေဗျမှာ အစိုးရအရာရှိတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အသင်းအဖွဲ့တွေဟာ လူနည်းစု ရှီယာ မွတ်စလင်တွေအပါအဝင်၊ ဘာသာကွဲ လူနည်းစုတွေအပေါ် အမုန်းစကားပြောကြားမှုနဲ့ ခွဲခြားဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။

အစိုးရက ခန့်အပ်ထားတဲ့ ပညာရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေက ခွဲခြားပြောဆိုတာ၊ ဖိနှိပ်တာတွေကို ဆော်ဒီအာရေဗျ အစိုးရက လွှတ်ပေးထားတယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူနည်းစု ရှီယာမွတ်စလင်တွေ၊ အမြင်မတူသူတွေကို လူမှုကွန်ရက် မီဒီယာ၊ အင်တာနက်တွေပေါ်ကနေ ခွဲခြားဖိနှိပ် ပြောဆိုတာ၊ မုန်းတီးစေမယ့် သွေးထိုးစကားပြောတာတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ လူနည်းစုနဲ့ ဘာသာမတူသူတွေကို တိုက်ခိုက်ပြောဆိုဖို့ အလုပ်ခန့်ပေးထားတာက အဆိုးရွားဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)