
0
331




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းဝန်ကြီးချုပ်နဲ့ သမ္မတ ထရမ့် တွေ့မယ်

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ အောက်တိုဘာ ၃ ရက်နေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ သမ္မတတို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရေးနဲ့ တိုးချဲ့ရေး၊ အင်ဒို-ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ဘန်ကောက်နဲ့ ဝါရှင်တန်ဆက်ဆံရေး အေးစက်နေခဲ့ပါတယ်။ ထိုင်းအာဏာသိမ်းမှု ဖြစ်ပြီးနောက် အဆင့်အမြင့်ဆုံးအနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်ပဲ ထိုင်းနိုင်ငံကို လာရောက်ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)