
0
80




ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ ဇာဟာကို ပေါင်သန်း ၁၀ဝ နဲ့ ခေါ်ယူဖို့ ပီအက်စ်ဂျီ စီစဉ်

ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀ဝ နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

တိုက်စစ်မှူး နေမာ နေရာမှာ အစားထိုးဖို့ ကြိုတင်စီစဉ်မှုအဖြစ် ပီအက်စ်ဂျီက ဇာဟာကို ခေါ်ယူဖို့ စီစဉ်နေပြီး ဒီသီတင်းပတ်အတွင်းမှာ ပီအက်စ်ဂျီ တာဝန်ရှိသူတွေ လန်ဒန်မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတို့က အပြိုင် ကြိုးပမ်းနေတာကြောင့် ပီအက်စ်ဂျီဟာ ဇာဟာကို ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဇာဟာကို ခေါ်ယူဖို့ အာဆင်နယ် အသင်းဟာ ဒီအပြောင်းအရွှေ့ ကာလအတွင်း ကြိုးပမ်းခဲ့ပေမယ့် ခရစ္စတယ်ပဲလေစ့် အသင်းက တောင်းဆိုတဲ့ ဈေးနှုန်း မြင့်နေတဲ့အတွက် လက်လျှော့ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)