ေဟာင္ေကာင္ ဆႏၵျပမွာ က်ည္အစစ္နဲ႔ ေျခာက္လွန္႔ ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ ေျပာ

0
90

ေဟာင္ေကာင္ ဆႏၵျပအုပ္စုေတြကို ေဟာင္ေကာင္ ရဲအရာရွိတစ္ဦးက က်ည္အစစ္သံုးၿပီး ၾသဂုတ္လ ၂၅ ရက္ေန႔က အနည္းဆံုး တစ္ႀကိမ္ ပစ္ခတ္မႈ ရွိခဲ့တယ္လို႔ ေဟာင္ေကာင္ရဲတပ္ဖြဲ႔က ေျပာပါတယ္။ 

ေဟာင္ေကာင္မွာ ယမန္ေန႔က ဆႏၵျပမႈေတြ ထပ္မံျဖစ္ေပၚခဲ့ၿပီး ဆူအင္ဝမ္မွာ ရဲေတြနဲ႔ ဆႏၵျပအုပ္စုတုိ႔ ထိပ္တုိက္ေတြ႔ ဆံုခဲ့ပါတယ္။ ဆႏၵျပအုပ္စုေတြကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့ ရဲအရာရွိဟာ ယူနီေဖာင္း မ၀တ္ထားေၾကာင္း၊ ယူနီေဖာင္း ၀တ္မထားတဲ့ ရဲအရာရွိ ေျခာက္ဦးဟာ သံတုတ္ေတြ ကိုင္ေဆာင္ထားတဲ့ ဆႏၵျပအုပ္စုနဲ႔ ရင္ဆုိင္ခဲ့ရေၾကာင္း သတင္းေတြကေဖာ္ျပပါတယ္။ 

သူ႔အႏၱရာယ္ကို စိုးရိမ္တဲ့အတြက္ ရဲအရာရွိဟာ က်ည္အစစ္ ထည့္ထားတဲ့ ေသနတ္ကို မုိးေပၚ ေထာင္ပစ္ခဲ့တယ္လို႔ ေဟာင္ေကာင္ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ဟောင်ကောင် ဆန္ဒပြမှာ ကျည်အစစ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြော

ဟောင်ကောင် ဆန္ဒပြအုပ်စုတွေကို ဟောင်ကောင် ရဲအရာရှိတစ်ဦးက ကျည်အစစ်သုံးပြီး သြဂုတ်လ ၂၅ ရက်နေ့က အနည်းဆုံး တစ်ကြိမ် ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဟောင်ကောင်မှာ ယမန်နေ့က ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ပြီး ဆူအင်ဝမ်မှာ ရဲတွေနဲ့ ဆန္ဒပြအုပ်စုတို့ ထိပ်တိုက်တွေ့ ဆုံခဲ့ပါတယ်။ ဆန္ဒပြအုပ်စုတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိဟာ ယူနီဖောင်း မဝတ်ထားကြောင်း၊ ယူနီဖောင်း ဝတ်မထားတဲ့ ရဲအရာရှိ ခြောက်ဦးဟာ သံတုတ်တွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြအုပ်စုနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သတင်းတွေကဖော်ပြပါတယ်။

သူ့အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ရဲအရာရှိဟာ ကျည်အစစ် ထည့်ထားတဲ့ သေနတ်ကို မိုးပေါ် ထောင်ပစ်ခဲ့တယ်လို့ ဟောင်ကောင် ရဲတပ်ဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)