
0
91




ဒန်နီရယ်ဂျိမ်းစ်ဟာ ကစားပုံကြမ်းသူတစ်ဦး မဟုတ်ကြောင်း မန်ယူ နည်းပြ ပြော

တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်ဟာ ကစားပုံကြမ်းတမ်းတဲ့ ကစားသမားတစ်ဦး မဟုတ်ဘူးလို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကစားခဲ့တဲ့ ဝုဗ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားတဲ့ပွဲမှာ အဝါကတ် နှစ်ကြိမ် ပြသခံရပြီးနောက် ဂျိမ်းစ်ဟာ ကစားပုံညစ်ပတ်သူ တစ်ဦးဖြစ်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

ဂျိမ်းစ်ကို အဝါကတ်တွေ ပြသခဲ့တာက တရားမျှတမှု မရှိကြောင်း၊ အဝါကတ် နှစ်ကြိမ် ပြသခံရမှုအပေါ် နားမလည်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ ဂျိမ်းစ်ဟာ ဒီနှစ် ဇွန်လတုန်းက မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းလာခဲ့သူဖြစ်ပြီး အသင်းအတွက် သုံးပွဲကစားပြီးချိန်မှာ နှစ်ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)