
0
113




အမေရိကန်နဲ့ အရှေ့တောင် အာရှ ၁၀ နိုင်ငံတို့ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မယ်

အမေရိကန်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံ တို့အကြား ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဲဒီစစ်ရေးလေကျင့်မှုဟာ အရှေ့တောင်အာရှမှာ သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်အပေါ် တာဆီးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာဘ ၂ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချောင်ဘူရီဒေသရှိ ထိုင်းရေတပ် အခြေစိုက်စခန်းမှာ လုပ်ဆောင်မယ်လို့ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ငါးရက်ကြာပြုလုပ်မယ့် ပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ ရေကြောင်းလုံခြုံရေးကို ထိန်းသိမ်းမှု အပါအဝင် ပင်လယ်အတွင်း ဆောင်ရွက်ရမယ့် ကာကွယ်မှုလုပ်ငန်းတွေ ပါဝင်မယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။ တောင်တရုတ်ပင်လယ်မှာ အရှေ့တောင်အာရှ နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ပိုင်နက် အငြင်းပွားနေချိန်မှာ အမေရိကန်က အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ပူးတွဲ ရေကြောင်းစစ်ရေး လေ့ကျင့်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)