အမေဇုန် တောမီးကို ကြီးမားတဲ့ ရေသယ်လေယာဉ်တွေ အသုံးပြု ငြှိမ်းသတ်

0
82




<<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘရာဇီးနိုင်ငံ၊ အမေဇုန် မိုးသစ်တောကြီးအတွင်း တောမီးလောင်မူကို ငြှိမ်းသတ်နိုင်ဖို့ ဘိုရင်း ရေသယ်လေယာဉ်ကြီးတွေ အသုံးပြုနေရပါတယ်။

မီးငြှိမ်းသတ်ရေးကို ကူညီဖို့ ဘိုးရင်း 747-400 အမျိုးအစား ရေသယ်လေယာဉ်ကြီးတွေ ပေးပို့ထားတယ်လို့ ဘိုလီးဘီးယားနဲ့ အမေရိကန် နိုင်ငံတို့က ပြောပါတယ်။ အဲဒီလေယာဉ်ကြီးတွေကို မီးငြိမ်းသတ်ရာမှာ အဓိက အသုံးပြုပြီး ရေဂါလံပေါင်း ၁၉၀ဝ၀ တင်ဆောင် ပျံသန်းနိုင်တယ်လို့ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို ပြည်နယ် အခြေစိုက် Global Super Tanker လေယာဉ်ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။ 

အမေဇုန် မိုးသစ်တောကြီးအတွင်း ရာနဲ့ချီတဲ့ နေရာတွေမှာ သီတင်းပတ် သုံးပတ်ကြာ တောမီးလောင်ခဲ့ပြီး မီးငြှိမ်းသတ်နိုင်ဖို့ ကြိုးပမ်းနေရတယ်လို့ ဘရာဇီးအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)