မြောက်ကိုရီးယား  တာတိုပစ်ဒုံးကျည် ၃ စင်း ပစ်လွတ်ပြန်

0
273

မြောက်ကိုရီးယားနိုင်ငံ ဟာအမေရိကန် နဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ သြဂုတ် ၂၅ ရက်နေ့ က တာတိုပစ်ဒုံးကျည်  သုံးစင်း ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် စစ်ဘက် ကပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ဟာ ဂွမ်ဝမ် ဒေသကနေ  ဒုံးကျည် တွေစမ်းသပ်ခဲ့တာဖြစ်ပြီး  အဲဒီဒုံးကျည်တွေ ဟာ မိုင် ၁၅၀ အကွာဝေးကို ပျံသန်းခဲ့တယ်လို့ သတင်းဌာနတွေကဖော်ပြပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ခဲ့ပြီးနောက် အမေရိကန် ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန် ရဲ့ ပစိဖိတ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဒါဗီဘန်ဟမ်က  မြောက်ကိုရီးယာား က ပစ်ခဲ့တဲ့ ဒုံးကျည်သုံးစင်းအနက် ပထမ  နဲ့ တတိယ အစင်းတွေ ဟာ ပျံသန်းမှုမအောင်မြင်ခဲ့ဘဲ ဒုတိယ ဒုံးကျည်သာ ပျံသန်းမှုအောင်မြင့်ခဲ့ပြီး ပင်လယ်ထဲကို ကျခဲ့တယ်လို့ ပြောပါတယ်။

ဒုံးကျည်တွေ ပစ်လွတ်မှုဟာ အချိန် ၃၀ မီနစ်ကျော်ကြာမြင့်ခဲ့တယ်လို့ အမေရိကန် စစ်ဘက်ကပြောပါတယ်။တောင်ကိုရီးယားနဲ့အ မေရိကန်နိုင်ငံကြား ပူးတွဲစစ်ရေးလေကျင့်မှုတွေလုပ်နေချိန်မှာ ပဲ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေပစ်လွတ်ခဲ့တာဖြစ်လို့  ရန်စမှုဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)