အာဖဂန်နစ္စတန် ကဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက် ၁၃ ဦးသေ

0
273

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့က ရှီအိုက်ဗလီမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သြဂုတ်လ ၂၅ ရက်နေ့က သေဆုံးသူ အနည်းဆုံး ၁၃ ဦးအထိ ရှိခဲ့ပါတယ်။

ဗလီအတွင်း ၀တ်ပြုမှုပြုလုပ်နေစဉ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး  အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် တစ်ဦး အပါအ၀င်အရပ်သား ၁၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်လည်း အရပ်သား ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေဘက်က ၈ ဦးဒဏ်ရာရရှိ သွားခဲ့ပါတယ်လို့  အာဖဂန်ပြည်ထဲ ရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း မျက်မြင်တွေ့ခဲ့သူတွေရဲ့ ပြောဆိုချက်အရ သေဆုံးသူ ၂၅ အထိရှိခဲ့ပြီး ၀တ်ပြုခဲ့သူ လူ ပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)