ေျမာက္ကိုရီးယား ပစ္လႊတ္ခဲ့တဲ့ အရာ ႏွစ္ခုအနက္ တစ္ခုက ကီလုိမီတာ ၆၉၀ အထိ ေရာက္ရွိခဲ့

0
103

ဂ်ပန္ပင္လယ္ကို ဦးတည္ၿပီး ေျမာက္ကိုရီးယားက ေဝဟင္ကို ပစ္လႊတ္ခဲ့တဲ့အရာ ႏွစ္ခုထဲက ဒုတိယ ေျမာက္အရာဟာ ကနဦး ခန႔္မွန္းခဲ့တဲ့ အကြာအေဝးထက္ ပိုၿပီး မ်ားတဲ့ ကီလိုမီတာ ၆၉၀ ေက်ာ္ ပ်ံသန္းေရာက္ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္အရာရွိေတြက ေျပာပါတယ္။

ပစ္လႊတ္ခဲ့တဲ့ အရာ ႏွစ္ခုစလုံး ကီလိုမီတာ ၄၃၀ ေလာက္ ပ်ံသန္းခဲ့ၿပီး အျမင့္ ကီလိုမီတာ ၅၀ ေက်ာ္အထိ ေရာက္ခဲ့တယ္လို႔ အေစာပိုင္းမွာ ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္႐ုံးက ေၾကညာခဲ့ပါတယ္။ ဒီအရာေတြကို ေျမာက္ကိုရီးယားႏိုင္ငံ အေရွ႕ပိုင္း ဝန္စမ္ၿမိဳ႕အနီးကေန တစ္ခုနဲ႔တစ္ခု မိနစ္ ၂၀ ျခားၿပီး ပစ္လႊတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီအရာေတြဟာ ဒုံးက်ည္ အမ်ိဳးအစားသစ္ ဟုတ္၊ မဟုတ္ ဆုံးျဖတ္ႏိုင္ဖို႔ အေမရိကန္ တပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေတာင္ကိုရီးယား စစ္ဘက္အရာရွိေတြက ေျပာပါတယ္။ ကိုရီးယား ကြၽန္းဆြယ္မွာ စစ္ေရးတင္းမာမႈေတြ ေျပေလ်ာ့ေစေရးအတြက္ အေထာက္အကူျပဳမွာ မဟုတ္တဲ့ လုပ္ရပ္ေတြကို ရပ္ဆိုင္းဖို႔ ေျမာက္ကိုရီးယားကို တိုက္တြန္းခဲ့ပါတယ္။

မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ အရာ နှစ်ခုအနက် တစ်ခုက ကီလိုမီတာ ၆၉၀ အထိ ရောက်ရှိခဲ့

ဂျပန်ပင်လယ်ကို ဦးတည်ပြီး မြောက်ကိုရီးယားက ဝေဟင်ကို ပစ်လွှတ်ခဲ့တဲ့အရာ နှစ်ခုထဲက ဒုတိယ မြောက်အရာဟာ ကနဦး ခန့်မှန်းခဲ့တဲ့ အကွာအဝေးထက် ပိုပြီး များတဲ့ ကီလိုမီတာ ၆၉၀ ကျော် ပျံသန်းရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်အရာရှိတွေက ပြောပါတယ်။

ပစ်လွှတ်ခဲ့တဲ့ အရာ နှစ်ခုစလုံး ကီလိုမီတာ ၄၃၀ လောက် ပျံသန်းခဲ့ပြီး အမြင့် ကီလိုမီတာ ၅၀ ကျော်အထိ ရောက်ခဲ့တယ်လို့ အစောပိုင်းမှာ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။ ဒီအရာတွေကို မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ဝန်စမ်မြို့အနီးကနေ တစ်ခုနဲ့တစ်ခု မိနစ် ၂၀ ခြားပြီး ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအရာတွေဟာ ဒုံးကျည် အမျိုးအစားသစ် ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်ဖို့ အမေရိကန် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တောင်ကိုရီးယား စစ်ဘက်အရာရှိတွေက ပြောပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ ပြေလျော့စေရေးအတွက် အထောက်အကူပြုမှာ မဟုတ်တဲ့ လုပ်ရပ်တွေကို ရပ်ဆိုင်းဖို့ မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)