
0
95




မန်စီးတီးအသင်းမှာသာ ဆက်ရှိမယ့် ကွင်းလယ်လူ ဆာနေး

မန်စီးတီး ကွင်းလယ်လူ ဆာနေးဟာ အသင်းမှာ ဆက်ရှိမှာ ဖြစ်ကြောင်း နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။ ဆာနေးရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်မယ်ဆိုရင် ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်းလည်း နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

ဆာနေးဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်နေပြီး စာချုပ်သစ် ချုပ်ဆိုရေး ဆွေးနွေးမှု မလုပ်သေးဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။ ဂျာမနီ ကွင်းလယ်လူ ဆာနေးကို ဘိုင်ယန်မြူးနစ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ နည်းပြ ဂွာဒီယိုလာက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဆာနေးရဲ့ အနာဂတ်ဟာ ဆာနေးလက်ထဲမှာသာ ရှိကြောင်း၊ သူ့ကို အသင်းမှာ ဆက်ရှိနေဖို့ လိုလားကြောင်း နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။