
0
327




>>>>>>>>>>>>>>>>>>>>>>>

စီရော်နယ်ဒို နေရာမှာ အစားထိုးဖို့ ရီးရဲမက်ဒရစ်အသင်း ပီအက်ဂျီတိုက်စစ်မှူး ကာဗာနီကိုခေါ်မယ်လို့ စပိန် AS ဖော်ပြ

ရီးရဲမက်ဒရစ်အသင်း ဟာ ဂျူဗင်တပ် အသင်းကိုပြောင်းသွားတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုနေရာမှာအ စားထိုးဖို့အတွက် ပီအက်ဂျီ တိုက်စစ်မှူး ကာဗာနီကိုခေါ်ယူဖို့အလားလာများနေကြောင်း စပိန်အခြေစိုက် အေအက်စ်ကဖော်ပြခဲ့ပါတယ်။

ကာဗာနီ ဟာ ၂၀၁၆-၁၇ ဘောလုံးရာသီက ပီအက်ဂျီအတွက်ပွဲပေါင်း ၅၀ ကစားခဲ့ကာ ဂိုးပေါင်း ၄၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၁၇-၁၈ ရာသီမှာလည်း ပီအက်ဂျီအတွက်ပွဲပေါင်း ၄၈ ပွဲကစားကာ ဂိုးပေါင်း ၄၀ သွင်းယူနိုင်ခဲ့ရာ ကာဗာနီ ဟာ စီရော်နယ်ဒို နေရာမှာအစားထိုးမယ့် တိုက်စစ်မှူးတွေထဲ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဥရုဂွေးတိုက်စစ်မှူး ဟာ ခြေစွမ်းကောင်းမွန်မှုများကြောင့် ရီးရဲမက်ဒရစ် အသင်းအတွက် ဂိုးလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖွယ်ရှိနေကြောင်း ၊ စပိန်သတင်းစာကဖော်ပြခဲ့ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)