
0
372


 




>>>>>>>>>>>>>>>>>>>>>>>>>>>>

ခရိုအေးရှား ကွင်းလယ်လူ ရီဘစ်ကို ပြောင်းလဲစိတ်ဝင်စားလာတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်း ဟာ ချဲလ်ဆီးရဲ့ ဝီလျံကို ခေါ်ယူဖို့ အစောပိုင်းက စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိမှာ ခရိုအေးရှားနဲ့အတူ ကမ္ဘာဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ရီဘစ်ကိုခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ The sun ကဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟို ဟာ သူ အဓိက အသုံးပြုကစားမယ့် ၄-၃-၃ စနစ်အံဝင်စေဖို့ တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

ဖရန်ဖတ်တောင်ပံကစားသမား ဟာ ပြီးခဲ့တဲ့ ကမ္ဘာဖလား ပြိုင်ပွဲမှာ ခရိုအေးရှားအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်အထိ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟို ဟာ ဒါလော့ ၊ ဖရက်ဒ်တို့ အပါဝင် ကစားသမား သုံးဦးသာခေါ်ယူထားရာ နောက်ထပ် ကစားသမားသစ်ခေါ်ယူဖို့လိုလားနေရာ ရီဘစ်ကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)