အငြင်းပွားတဲ့ နယ်စပ်မှာ တရုတ်က တပ်အများအပြား ချထားတယ်လို့ အိန္ဒိယ ပြော

0
564

အိန္ဒိယနဲ့ တရုတ်ကြား အငြင်းပွားနေတဲ့ ဟိမဝန္တာ နယ်စပ်မှာ တရုတ်က တပ်ဖွဲ့ဝင် အများအပြားနဲ့ လက်နက်တွေ တပ်ဆင်နေရာချထားကြောင်း၊ ဒါဟာ နှစ်ဖက်သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံဘက်က တင်းမာမှုနဲ့ ဖြစ်ပြီးတဲ့ ပဋိပက္ခကို ပိုဆိုးအောင် လုပ်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကတည်း ပြဿနာဖြစ်နေတဲ့ အဓိကနေရာမှာ တရုတ်ဘက်ကနေ နယ်ခြားထိန်းချုပ်ရေးစည်း (LAC) တစ်လျှောက် တပ်ဖွဲ့အများအပြားနဲ့ လက်နက်တွေ ချထားတယ်လို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရသူ အနုရန် ဆရီဗက်စ်တာဗာက နယူးဒေလီမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၁၉၉၃ ခုနှစ်က သဘောတူထားတဲ့ စာချုပ်အရ သတ်မှတ်ထားတဲ့ နယ်စပ်တစ်လျှောက်မှာ ကန့်သတ်ထားတဲ့ တပ်ဖွဲ့ဝင်ဦးရေကို ချထားခွင့်ရှိတာကို ကိုးကားပြီး နှစ်နိုင်ငံသဘောတူညီချက်ကို ဖောက်ဖျက်တာလို့ ပြောခွင့်ရသူ ဆရီဗက်စတာဗာက ပြောတာပါ။
တရုတ်ဘက်က အခုလို လုပ်လာတာကြောင့် အိန္ဒိယဘက်ကလည်း တန်ပြန် တပ်ချထားမှုတွေ လုပ်ရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ အိန္ဒိယ – တရုတ် နယ်ခြား လာဒက်ဒေသ၊ ဂယ်လ်ဝမ်တောင်ကြားမှာ နယ်စပ်တင်းမာမှု ဖြစ်နေရာက တရုတ်စစ်တပ်က သံဆူးကြိုးတပ် တုတ်တွေနဲ့ ရိုက်နှက်လို့ အိန္ဒိယ စစ်တပ်ဘက်က ၂၀ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောကြ အိနျဒိယနိုငငြံမှာ တရုတပြဈစညြးတှကေို သပိတမြှောကရြေး ဆောသြှမှုတှေ ရှိနပှေီး ဆကလြကတြငြးမာနရော တရုတဘြကကြ အခုလို တပတြှေ ပိုမို ခထွားလာတာ ဖှဈပါတယြ။ တရုတတြပတြှေ တိုးခွဲ့ခထွားမှု ဂှိုဟတြု ဓာတပြုံတှကေိုလညြး အယလြဂြွာဇီးယား သတငြးဌာနမှာ ဖောပြှထားပါတယြ။

__________________

__________________

အငွငျးပှားတဲ့ နယျစပျမှာ တရုတျက တပျအမြားအပွား ခထြားတယျလို့ အိန်ဒိယ ပွော

အိန္ဒိယနဲ့ တရုတ်ကြား အငြင်းပွားနေတဲ့ ဟိမဝန္တာ နယ်စပ်မှာ တရုတ်က တပ်ဖွဲ့ဝင် အများအပြားနဲ့ လက်နက်တွေ တပ်ဆင်နေရာချထားကြောင်း၊ ဒါဟာ နှစ်ဖက်သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံဘက်က တင်းမာမှုနဲ့ ဖြစ်ပြီးတဲ့ ပဋိပက္ခကို ပိုဆိုးအောင် လုပ်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကတည်း ပြဿနာဖြစ်နေတဲ့ အဓိကနေရာမှာ တရုတ်ဘက်ကနေ နယ်ခြားထိန်းချုပ်ရေးစည်း (LAC) တစ်လျှောက် တပ်ဖွဲ့အများအပြားနဲ့ လက်နက်တွေ ချထားတယ်လို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရသူ အနုရန် ဆရီဗက်စ်တာဗာက နယူးဒေလီမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၁၉၉၃ ခုနှစ်က သဘောတူထားတဲ့ စာချုပ်အရ သတ်မှတ်ထားတဲ့ နယ်စပ်တစ်လျှောက်မှာ ကန့်သတ်ထားတဲ့ တပ်ဖွဲ့ဝင်ဦးရေကို ချထားခွင့်ရှိတာကို ကိုးကားပြီး နှစ်နိုင်ငံသဘောတူညီချက်ကို ဖောက်ဖျက်တာလို့ ပြောခွင့်ရသူ ဆရီဗက်စတာဗာက ပြောတာပါ။

တရုတ်ဘက်က အခုလို လုပ်လာတာကြောင့် အိန္ဒိယဘက်ကလည်း တန်ပြန် တပ်ချထားမှုတွေ လုပ်ရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ အိန္ဒိယ – တရုတ် နယ်ခြား လာဒက်ဒေသ၊ ဂယ်လ်ဝမ်တောင်ကြားမှာ နယ်စပ်တင်းမာမှု ဖြစ်နေရာက တရုတ်စစ်တပ်က သံဆူးကြိုးတပ် တုတ်တွေနဲ့ ရိုက်နှက်လို့ အိန္ဒိယ စစ်တပ်ဘက်က ၂၀ ဦး သေဆုံးခဲ့ပါတယ်။ 

အဲဒီနောက် အိန္ဒိယနိုင်ငံမှာ တရုတ်ပစ္စည်းတွေကို သပိတ်မှောက်ရေး ဆော်သြမှုတွေ ရှိနေပြီး ဆက်လက်တင်းမာနေရာ တရုတ်ဘက်က အခုလို တပ်တွေ ပိုမို ချထားလာတာ ဖြစ်ပါတယ်။ တရုတ်တပ်တွေ တိုးချဲ့ချထားမှု ဂြိုဟ်တု ဓာတ်ပုံတွေကိုလည်း အယ်လ်ဂျာဇီးယား သတင်းဌာနမှာ ဖော်ပြထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)