မွေးနေ့ပွဲ ကျင်းပပြီးနောက် မိသားစုဝင် ၁၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်

0
1181

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒါးလပ်စ်က မိသားစုကြီးတစ်စုဟာ မွေးနေ့ရှင် အံ့အားသင့်သွားအောင် လုပ်ပေးတဲ့ surprise birthday party ကျင်းပပေးပြီးနောက် မိသားစုဝင် ၁၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ပါတယ်။

ရွန် ဘာဘိုဆာ မိသားစုဝင်တွေဟာ အမြဲတမ်း နီးနီးကပ်ကပ်ရှိကြပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလမှာလည်း တွေ့ဆုံမှုတွေ မပျက်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် မိသားစုဝင်တစ်ဦးအတွက် မွေးနေ့ပါတီကို ကျင်းပပြီးတဲ့နောက်မှာတော့ မိသားစုဝင် ၁၈ ဦး COVID-19 ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပါတယ်။

အဲဒီထဲက သုံးဦးဖြစ်တဲ့ အသက် ၈၈ နှစ်အရွယ် ဖခင်၊ အသက် ၈၆ နှစ်အရွယ် မိခင်နဲ့ ရင်သားကင်ဆာ ကုသမှု ခံယူနေရတဲ့ သူ့ညီမဖြစ်သူတို့ကတော့ အခြေအနေဆိုးလို့ ဆေးရုံတင်ထားရပါတယ်။

သူတို့ဟာ မိသားစုဝင်တွေဖြစ်လို့ အချင်းချင်း စိတ်ချရတယ်လို့ပဲ ယူဆနေကြကြောင်း မိသားစုဝင်တွေကို မေးမြန်းခဲ့တဲ့ ဘက်ဇ်ဖိ နယူးစ်သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က မွေးနေ့ ကျင်းပခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို မသိခဲ့ကြကြောင်း၊ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ လက္ခဏာတွေ ပြလာတာဖြစ်တယ်လို့ မွေးနေ့ပွဲကို မတက်ရောက်ဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဘာဘိုဆာ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အလွန်ချစ်ကြတဲ့ မိသားစုကြီးဖြစ်ပြီး တစ်ချိန်လုံး အတူတကွ နေထိုင်ခဲ့ကြတာဖြစ်ကြောင်း၊ အဲဒီ surprise birthday party မှာ ညစာ အတူတူစားခဲ့ကြရုံသာ ဖြစ်ကြောင်း သူက ပြောပြပါတယ်။

ရောဂါစဖှဈတာဟာ မှေးနေ့ပါတီကို လကခြံကငွြးပတဲ့ သူ့ရဲ့ တူဖှဈသူ ဖှဈဟနတြူကှောငြး၊ သူက မှေးနေ့မတိုငခြငြ အလုပကြို သှားခဲ့ပှီး မှေးနေ့ကငွြးပမယ့နြေ့မှာ ခွောငြးဆိုးနခေဲ့ကှောငြး၊ မှေးနေ့မတိုငခြငြ မိသားစုဝငထြဲက အမွိုးသားတခွို့ အတူ ဂေါကရြိုကြ ထှကခြဲ့ကှကှောငြး၊ အဲဒီသူတှကနေေ မိသားစုဝငတြှထေဲ ကူးစကကြုနတြယလြို့ ယူဆကှောငြးလညြး သူက ပှောပါတယြ။

__________________

__________________

မှေးနေ့ပှဲ ကငြျးပပွီးနောကျ မိသားစုဝငျ ၁၈ ဦး ကိုရိုနာဗိုငျးရပျဈ ကူးစကျ 

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒါးလပ်စ်က မိသားစုကြီးတစ်စုဟာ မွေးနေ့ရှင် အံ့အားသင့်သွားအောင် လုပ်ပေးတဲ့ surprise birthday party ကျင်းပပေးပြီးနောက် မိသားစုဝင် ၁၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ပါတယ်။ 

ရွန် ဘာဘိုဆာ မိသားစုဝင်တွေဟာ အမြဲတမ်း နီးနီးကပ်ကပ်ရှိကြပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလမှာလည်း တွေ့ဆုံမှုတွေ မပျက်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် မိသားစုဝင်တစ်ဦးအတွက် မွေးနေ့ပါတီကို ကျင်းပပြီးတဲ့နောက်မှာတော့ မိသားစုဝင် ၁၈ ဦး COVID-19 ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပါတယ်။

အဲဒီထဲက သုံးဦးဖြစ်တဲ့ အသက် ၈၈ နှစ်အရွယ် ဖခင်၊ အသက် ၈၆ နှစ်အရွယ် မိခင်နဲ့ ရင်သားကင်ဆာ ကုသမှု ခံယူနေရတဲ့ သူ့ညီမဖြစ်သူတို့ကတော့ အခြေအနေဆိုးလို့ ဆေးရုံတင်ထားရပါတယ်။

သူတို့ဟာ မိသားစုဝင်တွေဖြစ်လို့ အချင်းချင်း စိတ်ချရတယ်လို့ပဲ ယူဆနေကြကြောင်း မိသားစုဝင်တွေကို မေးမြန်းခဲ့တဲ့ ဘက်ဇ်ဖိ နယူးစ်သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က မွေးနေ့ ကျင်းပခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို မသိခဲ့ကြကြောင်း၊ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ လက္ခဏာတွေ ပြလာတာဖြစ်တယ်လို့ မွေးနေ့ပွဲကို မတက်ရောက်ဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဘာဘိုဆာ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အလွန်ချစ်ကြတဲ့ မိသားစုကြီးဖြစ်ပြီး တစ်ချိန်လုံး အတူတကွ နေထိုင်ခဲ့ကြတာဖြစ်ကြောင်း၊ အဲဒီ surprise birthday party မှာ ညစာ အတူတူစားခဲ့ကြရုံသာ ဖြစ်ကြောင်း သူက ပြောပြပါတယ်။

ရောဂါစဖြစ်တာဟာ မွေးနေ့ပါတီကို လက်ခံကျင်းပတဲ့ သူ့ရဲ့ တူဖြစ်သူ ဖြစ်ဟန်တူကြောင်း၊ သူက မွေးနေ့မတိုင်ခင် အလုပ်ကို သွားခဲ့ပြီး မွေးနေ့ကျင်းပမယ့်နေ့မှာ ချောင်းဆိုးနေခဲ့ကြောင်း၊ မွေးနေ့မတိုင်ခင် မိသားစုဝင်ထဲက အမျိုးသားတချို့ အတူ ဂေါက်ရိုက် ထွက်ခဲ့ကြကြောင်း၊ အဲဒီသူတွေကနေ မိသားစုဝင်တွေထဲ ကူးစက်ကုန်တယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)