Adidas က ပြန်လည် အသုံးပြုနိုင်တဲ့ face mask ထုတ်လုပ်

0
261

ကိုရိုနာဗိုင်းရပ်စ် lockdown ဖြေလျှော့လိုက်တဲ့ ကာလမှာ လူတွေ ဝတ်ဆင်နိုင်ဖို့ အကြိမ်ကြိမ် ပြန်လည် အသုံးပြုနိုင်တဲ့ face mask ကို အားကစား အသုံးအဆောင်တွေ ထုတ်လုပ်တဲ့ ကမ္ဘာကျော် Adidas ကုမ္ပဏီက ထုတ်လုပ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို လျှော့ချနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ face mask ဟာ အသက် ကောင်းကောင်း ရှူလို့ ရနိုင်ပါတယ်။ နိုင်ငံအများစုမှာ အစိုးရက နှာခေါင်းစည်းတွေနဲ့ ပတ်သက်လို့ အကြံပြုချက်တွေ ပေးထားတာ ရှိပါတယ်။

Lockdown တွေ တဖြည်းဖြည်း လျှော့ချလိုက်ပြီးနောက် ကျွန်ုပ်တို့ဟာ နေအိမ်တွေက ထွက်ပြီး အသင်းဖော်တွေနဲ့ ပြန်ချိတ်ကြမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်ုပ်တို့က ကူညီချင်တာ ဖြစ်ပါတယ်လို့ Adidas ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Adidas ရဲ့ face mask တွေကို ဥရောပ၊ မြောက်အမေရိက၊ တရုတ်တို့မှာ စတင် ဝယ်ယူရရှိနိုင်ပြီး ရရှိလာတဲ့ ရောင်းချငွေတချို့ကို Save the Children အဖွဲ့ရဲ့ ကမ္ဘာ့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေး ရန်ပုံငွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။

Adidas က ပြီးခဲ့တဲ့ လကစပြီး ပြန်သုံးလို့ရနိုင်မယ့် နှာခေါင်းစည်းပုံစံကို ရနိုင်တဲ့ ကုန်ကြမ်းတွေနဲ့ ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပြီး “လျှော်ဖွတ်၊ အခြောက်ခံ၊ ပြန်သုံး” ပြုလုပ်နိုင်ပါတယ်။ ဗြိတိန်မှာ face mask သုံးခုဝယ်တိုင်း စတာလင် ၂ ပေါင်ကို Save the Children အဖွဲ့ထံ လှူဒါန်းမှာ ဖြစ်ပါတယ်။

___________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)