ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ငှက်ဖျားကုဆေးနဲ့ စမ်းသပ်ကုသတာ WHO ရပ်ဆိုင်း

0
231

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေကို ငှက်ဖျားကုသဆေးဖြစ်တဲ့ ဟိုက်ဒရိုဇီကလိုရိုကွင်းနဲ့ စမ်းသပ်ကုသတာတွေဟာ စိတ်မချရတာကြောင့် ရပ်ဆိုင်းထားလိုက်ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

COVID-19 ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ လူနာတွေအပေါ် ဟိုက်ဒရိုဇီကလိုရိုကွင်းနဲ့ ကလိုရိုကွင်းတို့ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လေ့လာပြီး တွေ့ရှိချက်တွေ လန်ဆက် ဆေးပညာဂျာနယ်မှာ မေလ ၂၂ ရက်နေ့က ဖော်ပြခဲ့ပြီးနောက် WHO ရဲ့ အခုလို ကြေညာချက် ထွက်လာတာပါ။

ဆေးဝါးဖော်ထုတ်နိုင်ရေး စမ်းသပ်ကုသ စစ်ဆေးမှု (Solidarity Trial) အတွက် ဟိုက်ဒရိုဇီကလိုရိုကွင်းနဲ့ ကုသတာတွေကို ယာယီရပ်ဆိုင်းထားပြီး အချက်အလက် လုံခြုံရေး စောင့်ကြည့်လေ့လာရေး ဘုတ်အဖွဲ့က ပြန်လည် သုံးသပ်နေတယ်လို့ WHO ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး တက်ဒရိုစ် အက်ဒါနွန် ဂေဘရီယက်ဆက်စ်က ပြောပါတယ်။

ဆေးဝါးဖော်ထုတ်နိုင်ရေး စမ်းသပ်ကုသ စစ်ဆေးမှုကို WHO က ပြီးခဲ့တဲ့ နှစ်လကျော်ကတည်းက စတင်ခဲ့တာဖြစ်ပြီး COVID-19 ရောဂါ တိုက်ဖျက်နိုင်ရေး ဆေးဝါးလေးမျိုး၊ ဆေးဝါးပေါင်းစပ်မှုတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံမှုကို အကဲဖြတ်နေတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သူဟာ ဟိုက်ဒရိုဇီကလိုရိုကွင်း ဆေးကို မှီဝဲတယ်လို့ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြောခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့ ဟိုက်ဒရိုဇီကလိုရိုကွင်း ဆေးဝါးသုံးစွဲရေး မကြာခဏ တိုက်တွန်းတတ်သူ ဖြစ်ပါတယ်။

ဟိုက်ဒရိုဇီကလိုရိုကွင်း ငှက်ဖျားဆေးနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း ၃၅ နိုင်ငံက ဆေးရုံ ၄၀၀ ကျော်ကို လေ့လာခဲ့တာဖြစ်ပြီး နိုင်ငံ ၁၇ နိုင်ငံက လူနာ ၃၅၀၀ က အစမ်းခံဖို့ စာရင်းပေးကြတယ်လို့ WHO က ပြောပါတယ်။

လာဆက်ဂျာနယ်မှာ ဗိုင်းရပ်စ်လူနာ ၉၆၀၀၀ ကျော်ကို လေ့လာသုံးသပ်ပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဇီကလိုရိုကွင်းနဲ့ ကလိုရိုကွင်းဆေးတွေဟာ နှလုံးရောဂါဖြစ်စေတဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်း ဖြစ်စေတာ၊ နှလုံးစည်းချက် မမှန်တာကို ဖြစ်စေတဲ့ အန္တရာယ် မြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။

ဟိုက်ဒရိုဇီကလိုရိုကွင်း ဆေးတစ်မျိုးတည်းကို ဖြစ်စေ၊ မာခရိုလိုက်နဲ့ တွဲပေးရင်ဖြစ်သေ လူနာဟာ သေနှုန်းမြင့်လာတာကို သုတေသီတွေက တွေ့ရှိရကြောင်း လာဆက်ဂျာနယ်မှာ ဖော်ပြတယ်လို့ WHO အကြီးအကဲ တက်ဒရိုစ်က ပြောပါတယ်။

___________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)