မီဒီယာ ပေါက်ကြားမှုကို သမ္မတထရန့် ပြစ်တင်ပြောကြား

0
288

အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု အချက်အလက်တွေ အမေရိကန်မီဒီယာကိုပေါက်ကြားခဲ့မှုဟာ ကြီးကြီးမားမား အကျပ်အတည်းဖြစ်စေတဲ့အချက်ပဲလို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

အဲဒီလိုသတင်းအချက်အလက် ပေါက်ကြားနေခဲ့မှုကြောင့် ဗြိတိန်အာဏာပိုင်တွေက အမေရိကန်နိုင်ငံရဲ့ အချက်အလက်ဖလှယ်မှု အစီစဉ်ကို အစောပိုင်းမှာ ရပ်တန့်ခဲ့ပေမယ့် အခုပြန်ချိတ်ဆက်ထားပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အမေရိကန်မီဒီယာတစ်ခုဖြစ်တဲ့ နယူးယောက်ခ်တိုင်းမ်သတင်းစာမှာ မန်ချက်စတာ ဗုံးပေါက်ကွဲမှုအခင်းဖြစ်စဉ်က အပျက်အစီးတွေနဲ့ သွေးစွန်းထားတဲ့ ဗုံးအစအနဓါတ်ပုံတွေကို ဖော်ပြခဲ့ တာကြောင့် နှစ်နိုင်ငံကြား သံတမန်တင်းမာမှု ဖြစ်ခဲ့ရပါတယ်။

ဗြိတိန်ရဲတပ်ဖွဲ့နဲ့ အစိုးရအရာရှိတွေဟာ အမေရိကန်သတင်းစာရဲ့ဖော်ပြချက်အပေါ် ဒေါသပေါက်ကွဲခဲ့ကြပြီး ဘရပ်ဆဲလ်ကိုရောက်ရှိနေတဲ့ မစ္စတာထရန့်ကို အဲဒီကိစ္စဖြေရှင်းချက်ပေးဖို့ တိုက်တွန်းပြောဆို ခဲ့ကြပါ တယ်။

သမ္မတထရန့်က ဒီဖြစ်စဉ်ကို စစ်ဆေးဖို့ အမေရိကန်တရားရေးဌာနကို အမိန့်ထုတ်ပြန်ထားပြီး ပြစ်မှု ထင်ရှားသူကို ထိရောက် စွာအရေးယူဖို့ ညွှန်ကြားထားပါတယ်။

နယူးယောက်ခ်တိုင်မ်းသတင်းစာကတော့ အယ်ဒီတာအဖွဲ့အနေနဲ့ သားကောင်းဖြစ်ခဲ့ရသူတွေအပေါ် မလေးမစားမှုနဲ့ဖော်ပြတာ မဟုတ်သလို လုပ်ကြံဖန်တီးထားတဲ့ဓါတ်ပုံတွေလည်း မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အခုလိုအချက်အလက် ပေါက်ကြားမှုဟာ အမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့ထဲက လက်ချက်ဖြစ်နိုင်ပြီး အိမ်ဖြူတော်ကနေတစ်ဆင့် ပေါက်ကြားမှုမျိုးမဖြစ်နိုင်ဘူးလို့ ဗြိတိန်အရာရှိတွေက ယုံကြည်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)