မွတ်စလင်တွေ တောင်းဆို ကန့်ကွက်မှုကြောင့် ဂရိနတ်သမီးရုပ်တု ဖယ်ရှားခံရ

0
312

မွတ်စလင်တွေရဲ့တောင်းဆို ကန့်ကွက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဗဟိုတရားရုံးရှေ့က တရားစောင့် ဂရိနတ်သမီးရုပ်တုကို အလုပ်သမားတွေက တစ်စစီဖြုတ်ပြီး ဖယ်ရှားနေပါတယ်။

ဆာရီဝတ်ထားတဲ့ တရားမျှတမှုနတ်သမီးရုပ်တုဟာ စိုက်ထူထားတာ ခြောက်လတောင်မရှိသေးပေမယ့် အစ္စလာမ်မစ်အုပ်စုတွေရဲ့ တောင်းဆိုမှုကြောင့် ယနေ့မှာ ဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။

ဒီလိုဖယ်ရှားမှုကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီးနားက သဘောတူခဲ့ပေမယ့် အစိုးရအဖွဲ့ထဲမှာ ကန့်ကွက်သူတွေလည်း ရှိနေခဲ့ပါတယ်။

အငြင်းပွားဖွယ်ဖြစ်နေတဲ့ တရားရေးနတ်သမီးရုပ်တုကို ဖယ်ရှားဖို့အတွက် အလုပ်သမားတွေက မနေ့ညသန်းခေါင်ချိန်မှာ ကရိန်းကားတွေ၊ ကိရိယာတန်ဆာပလာတွေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်တုကို ဖန်တီးခဲ့သူမာရီနဲလ်ဟာခေးက ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့အတွက် ရုပ်တုကို ဖယ်ရှားခဲ့ရ တာပါလို့ ဆိုပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်မှာ လစ်ဘရယ်တန်ဖိုးသမားတွေနဲ့ ကွန်ဆာဗေးတစ်အစ္စလာမ်တွေအကြား တင်းမာမှု လက္ခဏာပဲလို့ကျွမ်း ကျင်သူတွေက သုံးသပ်ထားပါတယ်။ ဒါဟာ ရုပ်တုကိုးကွယ်မှုဖြစ်တယ်ဆိုပြီး ဆန္ဒပြသူတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)