မန်ချက်စတာတိုက်ခိုက်ခံခဲ့ရတဲ့ လူငယ်များထံသို့   ဗြိတိန်ဘုရင်မကြီးလာရောက်အားပေး

0
380

မန်ချက်စတာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း မှာ   လက်ရှိဆေးရုံတင်ထားရတဲ့သူတွေဆီကို ဗြိတိန်ဘုရင်မကြီး မနေ့ မေလ ၂၅ ရက်နေ့က လာရောက်လည်ပတ်ခဲ့ပါတယ်။

ဒါ့အပြင် အရေးပေါ်ဗုံးပေါက်ကွဲမှုအတွင်း ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြတဲ့  ဆရာဝန်တွေ ၊ သူနာပြုတွေနဲ့ တခြား ကူညီကယ်ဆယ်ပေးကြတဲ့ အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ဗုံးပေါက်ကွဲမှုအတွင်း  ၁၉ ယောက် သေဆုံးခဲ့ပြီးနောက် လက်ရှိဒဏ်ရာရရှိထားတဲ့ တော်ဝင် မန်ချက်စတာကလေးဆေးရုံက လူနာကလေးငယ်တွေနဲ့ ဗြိတိန် ဘုရင်မကြီးဟာ   စကားပြောဆို အားပေးခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိခဲ့သူ ၁၁၆ ယောက်လုံးကို မြောက်ပိုင်းမြို့ရဲ့ ဆေးရုံ ၈ ရုံမှာ ကုသမှုတွေ ပြုလုပ်နေပြီး အဲ့ဒီထဲက ၂၃ ယောက်ကတော့ အရေးပေါ်အခြအနေမှာ ရှိနေတယ်လို့ NHS Englandဆေးရုံက တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)