လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၀၅ ယောက်သေဆုံးခဲ့တယ်လို့ ၀န်ခံလိုက်တဲ့ အမေရိကန်

0
253

အမေရိကန်တွေရဲ့  လေကြောင်းတိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံမိုဆူးမြို့မှာ အရပ်သား ၁၀၅ ယောက်သေဆုံးခဲ့ တယ်ဆိုတဲ့အကြောင်းကို  မနေ့ မေလ ၂၅ ရက်နေ့က  အမေရိကန်ဘက်က ထုတ်ဖော် ပြောကြာလိုက် ပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ၁၀၅ ယောက် သေဆုံး မှုအပါအ၀င် နောက်ထပ် ၃၆ ယောက်လည်းပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ညွှန့်ပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အဆောက်အဦးထဲ အရပ်သားတွေ ရှိနေတာ မသိတာဖြစ်ကြောင့် နဲ့ လေကြောင်းတိုက်ခိုက်ဖို့အမိန့်အရ  တိုက်ခိုက်တာ ဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

အဲ့ဒီသေဆုံးမှုတွေထဲမှာ အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်ကြပြီး အိုင်အစ်တပ်ဖွဲ့တွေရဲ့ လူသားဒိုင်းအဖြစ် အသုံးချမှုကို ခံနေကြရတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)