မီးလောင်ဒဏ်ရာတွေကို တီလားဗီးယား ငါးအရေခွံနဲ့ စမ်းသပ်ကုသနေတဲ့ ဘရာဇီးဆရာဝန်တွေ

0
308

ဘရာဇီးနိုင်ငံက ဆရာဝန်တွေဟာ  မီးလောင်ဒဏ်ရာတွေကို ကုသပေးဖို့အတွက် ငါးရဲ့အရေခွံတွေအသုံးပြု ကာ ကုသမှုအသစ်အနေနဲ့ စမ်းသပ်ခဲ့ကြပါတယ်။

အဲ့ဒီ ငါးအရေပြားဟာ အစိုဓါတ်ကို ထိန်းသိမ်းနိုင်တဲ့အတွက် မီးလောင် နေတဲ့ လူ့အရေပြားပေါ်မှာဖုံးအုပ် ကုသဖို့ စဉ်းစားခဲ့ကြတာပဲဖြစ်ပါတယ်။

ဆရာဝန်တွေဟာ  မီးလောင်ဝေဒနာရှင်တွေကို  ငါးအရေခွံတွေကပ်ပေးထားခဲ့ပြီးနောက်မှာ အနာသိသိသာသာ သက်သာမှုတွေ ရှိလာခဲ့ပါတယ်။  အဲ့ဒီ ငါးဟာရေချိုငါးတစ်မျိုး ဖြစ်ပြီး တီလားဗီးယားလို့ ခေါ်တဲ့ ငါးရဲ့ အရေခွံပဲဖြစ်ပါတယ်။

အဲ့ဒီငါးမှာ စိုထိုင်းစ၊ ကော်လာဂျင် ၊ နဲ့ ရောဂါကို ပြန်လည်ခုခံတဲ့ဓါတ် တစ်မျိုးပါဝင်နေတာကို ဘရာဇီးနိုင်ငံ မြောက်ပိုင်း  စီရာ တက္ကသိုလ်က သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

တီလားဗီးယားငါးနဲ့ ကုသမှုဟာ ကုန်ကျ စရိတ် ဟာ နဂိုထက် ၇၅ ရာခိုင်နှုန်းလောက်လျော့နည်းသွားမှာ ဖြစ်တယ်လို့ ဘရာဇီးဆရာဝန်တွေက ပြောပါတယ်။

နောက်ထပ်လည်း တီလားဗီးယားငါးအရေခွံကို အခုလို မီးလောင်မှုဒဏ်ရာတွေကို ကုသပေးဖို့ အတွက် စီးပွားရေး လုပ်ငန်းရှင်တွေ ဈေးကွက်တစ်ခုအနေနဲ့ ထုတ်လုပ်ကြဖို့ ကို လည်း တိုက်တွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)