မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအွန်

0
2807

မြောက်ကိုရီးယား မီဒီယာတွေ ဖော်ပြချက်အရ ကင်မ်ဂျုံအွန်ဟာ ၂၉၈၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှာ မွေးတယ်လို့ဆိုပြီး အမေရိကန်ကတော့ ကင်မ်ဂျုံအွန်က ၁၉၈၄ လို့ စာရင်းသွင်းထားပါတယ်။ သူဟာ အာဏာရှင် ကင်မ်ဂျုံအီ (၁၉၄၁-၂၀၁၁) ရဲ့ ဒုတိယမြောက် သားဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်တဲ့ မြောက်ကိုရီးယားကို တည်ထောင်သူ ကင်မ်အီဆွန်းရဲ့ မြေး ဖြစ်ပါတယ်။

ကင်မ်ဂျုံအီမှာ သားသမီး သုံးယောက်ရှိပြီး ကင်မ်ဂျုံချုးလ်၊ ကင်မ်ဂျုံအွန်နဲ့ ကင်မ်ယိုဂျုံတို့ ဖြစ်ပါတယ်။ ကင်မ်ဂျုံ အွန်ဟာ ငယ်စဉ်က ဆွစ်ဇာလန်နိုင်ငံရှိ ဂွန်လီဂျင်ကျောင်းမှာ ချိုလ်ပက် ဆိုတဲ့အမည်နဲ့ ကျောင်းတက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းတက်သူဟာ သူ့အစ်ကို ကင်မ်ဂျုံချုးလ် ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

သူဟာ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့ရှိ ကင်မ် အီ-ဆွန်း တက္ကသိုလ်မှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တက်ရောက်ခဲ့ပါတယ်။ ကင်မ်ဂျုံ အွန်းဟာ ကင်မ် အီ-ဆွန်း တက္ကသိုလ်ကနေ ရူပဗေဒ ဘာသာရပ်၊ ကင်မ် အီ-ဆွန်း စစ်က္ကသိုလ်ကနေ အရာရှိအဖြစ် ဘွဲ့နှစ်ခု ရရှိခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကင်မ်ဂျုံအီလ်ရဲ့ စာဖိုမှူးဟောင်း ဖြစ်သူ ဂျပန်လူမျိုး ကင်ဂျီ ဖူဂျီမိုတိုက အစ်ကိုဖြစ်သူ ကင်မ် ဂျုံချုးလ်ထက်စာရင် ကင်မ်ဂျုံအွန်ဟာ သူ့အဖေကို ဆက်ခံမယ့်သူလို့ ထုတ်ဖော် ပြောဆိုဖူးပါတယ်။

ကင်မ်ဂျုံအွန်းဟာ Yves Saint Laurent စီးကရက်ကို သောက်ပြီး Johnnie Walker ဝီစကီနဲ့ မာစီဒီးစ် ဘင့်ဇ် 600 ကို အလွန်ကြိုက်သူ ဖြစ်ကြောင်း စားဖိုမှူး ဖူဂျီမိုတိုက ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ဖြစ်လာပါတယ်။ ကုလသမဂ္ဂကတော့ မြောက်ကိုရီးယားဟာ အစီအစဉ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

ကင်မ်ဂျုံအွန် လက်ထက်မှာ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေ စတင် စမ်းသပ်လာပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီနဲ့ စက်တင်ဘာလ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတို့မှာ နျူးကလီးယား လက်နက် စမ်းသပ်မှုပေါင်း ၈၀ ကျော် လုပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မတ်လမှာ ကင်မ်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို သွားရောက်လည်ပတ်ပြီး တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကင်မ် အာဏာယူပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြား ခရီးစဉ် ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှာ ကင်မ်ဂျုံအွန်ရဲ့ အစ်ကိုဝမ်းကွဲ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ အဓိက လက်သည်ဟာ ကင်မ်ဂျုံအွန်လို့ အားလုံးက စွပ်စွဲထားပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က စင်ကာပူမှာ ကင်မ်ဂျုံအွန်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အမေရိကန် သမ္မတ အဆင့်တို့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ သမ္မတ ထရမ့်နဲ့ ကင်မ်တို့ နောက်ထပ် တွေ့ဆုံကြပြီး သဘောတူညီမှု တစုံတရာမရဘဲ တွေ့ဆုံမှု ပြီးဆုံးသွားပါတယ်။ သမ္မတ ထရမ့် အစိုးရဘက်က ပြောဆိုချက်အရတော့ မြောက်ကိုရီးယားက သူတို့အပေါ်ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေ လုံးဝ ရုပ်သိမ်းပေးရမယ်လို့ တောင်းဆိုတဲ့အတွက် ပွဲပျက်သွားတာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားက သူတို့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို တစ်စိတ်တစ်ပိုင်း ဖယ်ရှားပေးဖို့သာ တောင်းဆိုတာလို့ ဖြေရှင်းပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလမှာတော့ ကင်မ်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ ဗလာဒီဗော့စတော့ခ်မြို့ကို သွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာတော့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ကင်းလွတ်ဇုန်မှာ သမ္မတ ထရမ့်နဲ့ ကင်မ်တို့ ထပ်မံတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။

ကင်မ်ဂျုံအွန်ဟာ မြောက်ကိုရီးယားမှာ ဇိမ်ခံမယ့်နေရာ ၁၇ နေရာခန့်နဲ့ ဇိမ်ခံကားတွေ၊ ကိုယ်ပိုင်လေယာဉ် တစ်စင်း၊ ရွက်လှေတို့ ပိုင်ဆိုင်ပါတယ်။ မြောက်ကိုရီးယားကို ကင်မ်ရဲ့ ဖိတ်ခေါ်မှုနဲ့ အလည်ရောက်ဖူးတဲ့ အမေရိကန် ဘက်စကက်ဘော အကျော်အမော် ရော့ဒ်မန်းက ကင်မ်ဂျုံအွန်ရဲ့ ကိုယ်ပိုင်ကျွန်းဟာ အမေရိကန်က ဟာဝိုင်အီကျွန်း၊ စပိန်ပိုင် အီဘီဇာကျွန်းတို့လိုနဲ့ တူပေမယ့် တစ်ကျွန်းလုံးမှာတော့ သူတစ်ယောက်တည်းလို ဖြစ်နေတယ်လို့ ပြောပါတယ်။

၂၀၀၉ ခုနှစ်တုန်းက သတင်းတွေအရ ကင်မ်ဂျုံအွန်ဟာ ဆီးချိုရောဂါ ခံစားနေရပြီး စိတ်ဖိစီးမှုတွေ များနေတယ်လို့ ဆိုကြပါတယ်။ ကင်မ်ဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း သီတင်း ခြောက်ပတ်ကြာ လူ့မြင်ကွင်းကနေ တစ်ခါ ပျောက်ဖူးပြီး ကျန်းမာရေး မကောင်းဘူးလို့ သတင်းတွေက ဖော်ပြဖူးပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်ပိုင်းမှာလည်း ကင်မ် သေဆုံးပြီလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ကင်မ်ဟာ ဧပြီလ ၁၅ ရက်နေ့ အဘိုးဖြစ်သူ ကင်မ်အီဆွန် နှစ်ပတ်လည်နေ့မှာတောင် မလာရောက်တဲ့အတွက်ဖြစ်ပါတယ်။

Daily NK သတင်းဌာနကတော့ ကင်မ်ဟာ ဧပြီလ ၁၂ ရက်နေ့မှာ နှလုံးသွေးကြော ခွဲစိတ်မှု ခံရတယ်လို့ ဖော်ပြပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှာ CNN သတင်းဌာနကတော့ ကင်မ်ဟာ ခွဲစိတ်ကုသမှုကြောင့် အန္တရာယ်များနေတယ်လို့ ရေးသားပါတယ်။ တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနကတော့ ကင်မ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထူးခြားတာ မတွေ့မိဘူးလို့ ပြောပေမယ့် ဧပြီလ ၂၅ ရက်နေ့မှာတော့ တရုတ်က ဆရာဝန်အဖွဲ့ကို မြောက်ကိုရီးယားထံ စေလွှတ်လိုက်တယ်လို့ ဂါးဒီးယန်း သတင်းစာက ဖော်ပြပါတယ်။

ကင်မ်ဂျုံအွန်ဟာ ရီဆိုးလ်ဂျူနဲ့ လက်ထပ်လိုက်ပြီလို့ ၂၀၁၂ ခုနှစ် ဇူလိုင်လတုန်းက မြောက်ကိုရီးယား အစိုးရ မီဒီယာမှာ ဖော်ပြပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယားကို အလည်သွားတဲ့ ဘက်စကက်ဘော အကျော်အမော ဒင်းနစ် ရော့ဒ်မန်းက ကင်မ်တို့မှာ ဂျုအဲ ဆိုတဲ့ သမီးလေးတစ်ယောက် ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား သတင်းရပ်ကွက်တွေကတော့ သူတို့မှာ ကလေးတွေ ဒီထက်မက ရှိတယ်လို့ ပြောကြပါတယ်။ လောလောဆယ်မှာတော့ COVID-19 ရောဂါကြောင့် တစ်ကမ္ဘာလုံး အလုပ်များနေစဉ်မှာပဲ ကင်မ်ဂျုံအွန်ရဲ့ ကျန်းမာရေး သတင်းကလည်း ဂယက်ထလာတာ ဖြစ်ပါတယ်။

__________________________

__________________________

မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအွန်

မြောက်ကိုရီးယား မီဒီယာတွေ ဖော်ပြချက်အရ ကင်မ်ဂျုံအွန်ဟာ ၂၉၈၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှာ မွေးတယ်လို့ဆိုပြီး အမေရိကန်ကတော့ ကင်မ်ဂျုံအွန်က ၁၉၈၄ လို့ စာရင်းသွင်းထားပါတယ်။ သူဟာ အာဏာရှင် ကင်မ်ဂျုံအီ (၁၉၄၁-၂၀၁၁) ရဲ့ ဒုတိယမြောက် သားဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်တဲ့ မြောက်ကိုရီးယားကို တည်ထောင်သူ ကင်မ်အီဆွန်းရဲ့ မြေး ဖြစ်ပါတယ်။

ကင်မ်ဂျုံအီမှာ သားသမီး သုံးယောက်ရှိပြီး ကင်မ်ဂျုံချုးလ်၊ ကင်မ်ဂျုံအွန်နဲ့ ကင်မ်ယိုဂျုံတို့ ဖြစ်ပါတယ်။ ကင်မ်ဂျုံ အွန်ဟာ ငယ်စဉ်က ဆွစ်ဇာလန်နိုင်ငံရှိ ဂွန်လီဂျင်ကျောင်းမှာ ချိုလ်ပက် ဆိုတဲ့အမည်နဲ့ ကျောင်းတက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းတက်သူဟာ သူ့အစ်ကို ကင်မ်ဂျုံချုးလ် ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

သူဟာ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့ရှိ ကင်မ် အီ-ဆွန်း တက္ကသိုလ်မှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တက်ရောက်ခဲ့ပါတယ်။ ကင်မ်ဂျုံ အွန်းဟာ ကင်မ် အီ-ဆွန်း တက္ကသိုလ်ကနေ ရူပဗေဒ ဘာသာရပ်၊ ကင်မ် အီ-ဆွန်း စစ်က္ကသိုလ်ကနေ အရာရှိအဖြစ် ဘွဲ့နှစ်ခု ရရှိခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကင်မ်ဂျုံအီလ်ရဲ့ စာဖိုမှူးဟောင်း ဖြစ်သူ ဂျပန်လူမျိုး ကင်ဂျီ ဖူဂျီမိုတိုက အစ်ကိုဖြစ်သူ ကင်မ် ဂျုံချုးလ်ထက်စာရင် ကင်မ်ဂျုံအွန်ဟာ သူ့အဖေကို ဆက်ခံမယ့်သူလို့ ထုတ်ဖော် ပြောဆိုဖူးပါတယ်။

ကင်မ်ဂျုံအွန်းဟာ Yves Saint Laurent စီးကရက်ကို သောက်ပြီး Johnnie Walker ဝီစကီနဲ့ မာစီဒီးစ် ဘင့်ဇ် 600 ကို အလွန်ကြိုက်သူ ဖြစ်ကြောင်း စားဖိုမှူး ဖူဂျီမိုတိုက ပြောပါတယ်။       

၂၀၁၁ ခုနှစ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ဖြစ်လာပါတယ်။ ကုလသမဂ္ဂကတော့ မြောက်ကိုရီးယားဟာ အစီအစဉ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

ကင်မ်ဂျုံအွန် လက်ထက်မှာ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေ စတင် စမ်းသပ်လာပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီနဲ့ စက်တင်ဘာလ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတို့မှာ နျူးကလီးယား လက်နက် စမ်းသပ်မှုပေါင်း ၈၀ ကျော် လုပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မတ်လမှာ ကင်မ်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို သွားရောက်လည်ပတ်ပြီး တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကင်မ် အာဏာယူပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြား ခရီးစဉ် ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှာ ကင်မ်ဂျုံအွန်ရဲ့ အစ်ကိုဝမ်းကွဲ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ အဓိက လက်သည်ဟာ ကင်မ်ဂျုံအွန်လို့ အားလုံးက စွပ်စွဲထားပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က စင်ကာပူမှာ ကင်မ်ဂျုံအွန်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အမေရိကန် သမ္မတ အဆင့်တို့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ သမ္မတ ထရမ့်နဲ့ ကင်မ်တို့ နောက်ထပ် တွေ့ဆုံကြပြီး သဘောတူညီမှု တစုံတရာမရဘဲ တွေ့ဆုံမှု ပြီးဆုံးသွားပါတယ်။ သမ္မတ ထရမ့် အစိုးရဘက်က ပြောဆိုချက်အရတော့ မြောက်ကိုရီးယားက သူတို့အပေါ်ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေ လုံးဝ ရုပ်သိမ်းပေးရမယ်လို့ တောင်းဆိုတဲ့အတွက် ပွဲပျက်သွားတာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားက သူတို့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို တစ်စိတ်တစ်ပိုင်း ဖယ်ရှားပေးဖို့သာ တောင်းဆိုတာလို့ ဖြေရှင်းပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလမှာတော့ ကင်မ်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ ဗလာဒီဗော့စတော့ခ်မြို့ကို သွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာတော့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ကင်းလွတ်ဇုန်မှာ သမ္မတ ထရမ့်နဲ့ ကင်မ်တို့ ထပ်မံတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။

ကင်မ်ဂျုံအွန်ဟာ မြောက်ကိုရီးယားမှာ ဇိမ်ခံမယ့်နေရာ ၁၇ နေရာခန့်နဲ့ ဇိမ်ခံကားတွေ၊ ကိုယ်ပိုင်လေယာဉ် တစ်စင်း၊ ရွက်လှေတို့ ပိုင်ဆိုင်ပါတယ်။ မြောက်ကိုရီးယားကို ကင်မ်ရဲ့ ဖိတ်ခေါ်မှုနဲ့ အလည်ရောက်ဖူးတဲ့ အမေရိကန် ဘက်စကက်ဘော အကျော်အမော် ရော့ဒ်မန်းက ကင်မ်ဂျုံအွန်ရဲ့ ကိုယ်ပိုင်ကျွန်းဟာ အမေရိကန်က ဟာဝိုင်အီကျွန်း၊ စပိန်ပိုင် အီဘီဇာကျွန်းတို့လိုနဲ့ တူပေမယ့် တစ်ကျွန်းလုံးမှာတော့ သူတစ်ယောက်တည်းလို ဖြစ်နေတယ်လို့ ပြောပါတယ်။

၂၀၀၉ ခုနှစ်တုန်းက သတင်းတွေအရ ကင်မ်ဂျုံအွန်ဟာ ဆီးချိုရောဂါ ခံစားနေရပြီး စိတ်ဖိစီးမှုတွေ များနေတယ်လို့ ဆိုကြပါတယ်။ ကင်မ်ဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း သီတင်း ခြောက်ပတ်ကြာ လူ့မြင်ကွင်းကနေ တစ်ခါ ပျောက်ဖူးပြီး ကျန်းမာရေး မကောင်းဘူးလို့ သတင်းတွေက ဖော်ပြဖူးပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်ပိုင်းမှာလည်း ကင်မ် သေဆုံးပြီလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ကင်မ်ဟာ ဧပြီလ ၁၅ ရက်နေ့ အဘိုးဖြစ်သူ ကင်မ်အီဆွန် နှစ်ပတ်လည်နေ့မှာတောင် မလာရောက်တဲ့အတွက်ဖြစ်ပါတယ်။

Daily NK သတင်းဌာနကတော့ ကင်မ်ဟာ ဧပြီလ ၁၂ ရက်နေ့မှာ နှလုံးသွေးကြော ခွဲစိတ်မှု ခံရတယ်လို့ ဖော်ပြပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှာ CNN သတင်းဌာနကတော့ ကင်မ်ဟာ ခွဲစိတ်ကုသမှုကြောင့် အန္တရာယ်များနေတယ်လို့ ရေးသားပါတယ်။ တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနကတော့ ကင်မ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထူးခြားတာ မတွေ့မိဘူးလို့ ပြောပေမယ့် ဧပြီလ ၂၅ ရက်နေ့မှာတော့ တရုတ်က ဆရာဝန်အဖွဲ့ကို မြောက်ကိုရီးယားထံ စေလွှတ်လိုက်တယ်လို့ ဂါးဒီးယန်း သတင်းစာက ဖော်ပြပါတယ်။ ကင်မ်ဂျုံအွန်ဟာ ရီဆိုးလ်ဂျူနဲ့ လက်ထပ်လိုက်ပြီလို့ ၂၀၁၂ ခုနှစ် ဇူလိုင်လတုန်းက မြောက်ကိုရီးယား အစိုးရ မီဒီယာမှာ ဖော်ပြပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယားကို အလည်သွားတဲ့ ဘက်စကက်ဘော အကျော်အမော ဒင်းနစ် ရော့ဒ်မန်းက ကင်မ်တို့မှာ ဂျုအဲ ဆိုတဲ့ သမီးလေးတစ်ယောက် ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား သတင်းရပ်ကွက်တွေကတော့ သူတို့မှာ ကလေးတွေ ဒီထက်မက ရှိတယ်လို့ ပြောကြပါတယ်။ လောလောဆယ်မှာတော့ COVID-19 ရောဂါကြောင့် တစ်ကမ္ဘာလုံး အလုပ်များနေစဉ်မှာပဲ ကင်မ်ဂျုံအွန်ရဲ့ ကျန်းမာရေး သတင်းကလည်း ဂယက်ထလာတာ ဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)