Online teaching ဟာ မိဘအကူအညီ မပါဘဲ ကလေးရဲ့ သင်ယူမှု အဆင်ပြေပါ့မလား

0
1220

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားနေချိန်မှာ တောင်ကိုရီးယားနိုင်ငံမှာတော့ စာသင်ကျောင်းအားလုံး ပိတ်ထားပြီး မူလတန်းကစလို့ တက္ကသိုလ်များအထိ Online teaching နဲ့ စတင်နေပါတယ်။ သင်ခန်းစာများကို Online ကနေပဲ ပို့ချနေကာ မူလတန်း 1st Grade နဲ့ 2nd Grade ကလေးများအတွက်တော့ ရုပ်မြင်သံကြားမှတဆင့် သင်ခန်းစာများကို ပို့ချနေပါတယ်။


ဒီလို ပို့ချနေမှုနေဟာ အမှန်တကယ်ပဲ အဆင်ပြေပါရဲ့လားဆိုတာနဲ့ ပတ်သက်ပြီး Korea Times သတင်းစာက ရေးသားထားပါတယ်။ တောင်ကိုရီးယားမှာတော့ ကုမ္မဏီနဲ့ စက်ရုံအများစုကလည်း ပိတ်ထားပြီး နေအိမ်မှ အလုပ်လုပ်နေရတဲ့ မိဘများလည်း ရှိနေပါတယ်။ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားအများစုဟာ မိဘများရဲ့ အကူအညီမပါဘဲ သင်ခန်းစာများကို နားလည်နိုင်ခြင်းမရှိဘူးလို့ မိဘအများစုက ပြောထားကြပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ လီဂျူဟေးဟာ သူကိုယ်တိုင်လည်း ကုမ္မဏီဝန်ထမ်းဖြစ်ကာ ဇနီးဖြစ်သူကလည်း ကုမ္မဏီဝန်ထမ်းဖြစ်တာကြောင့် ကုမ္မဏီအလုပ်များကို မိမိတို့နေအိမ်မှ အလုပ်များကို လုပ်ကိုင်နေရသူ ဖြစ်ပါတယ်။ သူ့မှာ အလယ်တန်းတက်နေတဲ့ သမီးလေးရှိနေကာ သမီးငယ်ရဲ့ အွန်လိုင်းမှ သင်ခန်းစာများကိုလည်း သမီးနဲ့အတူ တက်ရင်း သမီးအတွက် အကူအညီပေးနေရတယ်လို့ ဆိုပါတယ်။

“ပို့ချချက်တွေကို ကျွန်တော်် ဒါမဟုတ် ဇနီးဖြစ်သူက သမီးနဲ့အတူ လိုက်နားထောင်ပေးရတယ်။ ပို့ချချက်တွေက လူကြီးတွေအတွက်တော့ လွယ်လွယ်ကူကူပဲ သမီးအတွက်တော့ နည်းနည်းပြဿနာရှိနေတယ်။ သူနားမလည်ဘူးပေါ့လေ။ တစ်ချို့ကိစ္စတွေက စာသင်ခန်းထဲမှာ အဆင်ပြေပြေဖြစ်နို်င်ပေမဲ့ အွန်လိုင်းကနေ ပို့ချနေတဲ့အခါမှာတော့ ပုံစံက ကလေးအတွက်က ပုံစံတစ်မျိုးဖြစ်နေမယ်။ သူ့ဟာသူ အားကိုးလို့မရ ဖြစ်နေတယ်။ လူကြီးရဲ့ အကူအညီ မပါဘဲ သူတစ်ယောက်တည်း လေ့လာလို့ မရဖြစ်နေတယ် ” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြထားပါတယ်။

“ကျွန်တော်တို့ဟာ ကိုယ့်အလုပ်လည်း လုပ်ရတယ်။ သမီးနဲ့အတူလည်း စာလိုက်သင်နေရတယ်။ ဒါဟာ ကျွန်တော်တို့ မိသားစုအတွက်တော့ အတော်ပင်ပန်းနေရတယ်။ ဇနီးဖြစ်သူကလည်း မိသားစု စားသောက်ရေး ပြင်ဆင်ရတယ်၊ သူ့အလုပ်လည်း လုပ်ရတယ်၊ သမီးအတွက်လည်း အိမ်စာကူလုပ်ရတော့ သူလည်း အတော်ခက်ခဲနေပါတယ်” လို့ အင်တာဗျူးမှာ ဆိုထားပါတယ်။
အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ ဘေဆိုဂျင်းကတော့ သူ့မှာ မူလတန်း 1st Grade တက်နေတဲ့ ကလေးငယ်ရှိနေကာ ကလေးအတွက် သင်ကြားရေး သင်ခန်းစာများကို ရုပ်မြင်သံကြားမှ ပြသနေကာ သင်ခန်းစာတွေကို ကလေးနဲ့အတူ ကြည့်နေပေမဲ့ ကလေးက စိတ်ဝင်စားမှုနည်းနေကာ အိမ်စာတွေကိုလည်း လုပ်ဖို့ အတော်ကြိုးစားရတယ်။ အိမ်စာအများစုကိုတော့ သူပဲ လုပ်လိုက်ရတယ်လို့ ဆိုပါတယ်။

ကျောင်းမှာတော့ ဆရာတွေ ဆရာမတွေက ကလေးတစ်ဦးချင်းကို အချိန်ပေးပြီး လေ့ကျင့်လို့ရတယ်၊ ကျောင်းသား မတတ်မချင်း နားမလည် မချင်း သင်ပေးလို့ရတယ်။ အွန်လိုင်းကနေ သင်ကြားတဲ့အခါ လေ့လာတဲ့အခါမှာတော့ ကလေးက self study လုပ်ရတယ်၊ မိဘက ကူပေးရတယ် ဆိုပေမဲ့ ကလေးတွက် အချိန်မပေးနိုင်တာတွေ ရှိတဲ့အခါမှာ ကလေးရဲ့ သင်ယူနိုင်မှုမှာ လိုအပ်ချက်တွေ ရှိနေတဲ့ သဘောပဲဖြစ်ပါတယ်။

တောင်ကိုရီးယား ပညာရေးဝန်ကြီးဌာနက မူလတန်းကလေးများဟာ သင်ခန်းစာများကို မိနစ် ၄၀ ပဲ အာရုံစိုက်နိုင်တယ်လို့ ဆိုပေမဲ့ မိဘများကတော့ မိမိတို့ ကလေးများဟာ မိနစ် ၂၀ ခန့်ပဲ အာရုံစိုက်နိုင်တယ်လို့ ဆိုထားကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားများဟာ ဒီစာသင်နှစ်မှာ ကျောင်းအပ်ထားသူပေါင်း ၅ ဒသမ ၄ သန်း ရှိတယ်လို့ ဆိုပါတယ်။

___________________

___________________

Online teaching ဟာ မိဘအကူအညီ မပါဘဲ ကလေးရဲ့ သင်ယူမှု အဆင်ပြေပါ့မလား

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားနေချိန်မှာ တောင်ကိုရီးယားနိုင်ငံမှာတော့ စာသင်ကျောင်းအားလုံး ပိတ်ထားပြီး မူလတန်းကစလို့ တက္ကသိုလ်များအထိ Online teaching နဲ့ စတင်နေပါတယ်။ သင်ခန်းစာများကို Online ကနေပဲ ပို့ချနေကာ မူလတန်း 1st Grade နဲ့ 2nd Grade ကလေးများအတွက်တော့ ရုပ်မြင်သံကြားမှတဆင့် သင်ခန်းစာများကို ပို့ချနေပါတယ်။

ဒီလို ပို့ချနေမှုနေဟာ အမှန်တကယ်ပဲ အဆင်ပြေပါရဲ့လားဆိုတာနဲ့ ပတ်သက်ပြီး Korea Times သတင်းစာက ရေးသားထားပါတယ်။ တောင်ကိုရီးယားမှာတော့ ကုမ္မဏီနဲ့ စက်ရုံအများစုကလည်း ပိတ်ထားပြီး နေအိမ်မှ အလုပ်လုပ်နေရတဲ့ မိဘများလည်း ရှိနေပါတယ်။ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားအများစုဟာ မိဘများရဲ့ အကူအညီမပါဘဲ သင်ခန်းစာများကို နားလည်နိုင်ခြင်းမရှိဘူးလို့ မိဘအများစုက ပြောထားကြပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ လီဂျူဟေးဟာ သူကိုယ်တိုင်လည်း ကုမ္မဏီဝန်ထမ်းဖြစ်ကာ ဇနီးဖြစ်သူကလည်း ကုမ္မဏီဝန်ထမ်းဖြစ်တာကြောင့် ကုမ္မဏီအလုပ်များကို မိမိတို့နေအိမ်မှ အလုပ်များကို လုပ်ကိုင်နေရသူ ဖြစ်ပါတယ်။ သူ့မှာ အလယ်တန်းတက်နေတဲ့ သမီးလေးရှိနေကာ သမီးငယ်ရဲ့ အွန်လိုင်းမှ သင်ခန်းစာများကိုလည်း သမီးနဲ့အတူ တက်ရင်း သမီးအတွက် အကူအညီပေးနေရတယ်လို့ ဆိုပါတယ်။

“ပို့ချချက်တွေကို ကျွန်တော် ဒါမဟုတ် ဇနီးဖြစ်သူက သမီးနဲ့အတူ လိုက်နားထောင်ပေးရတယ်။ ပို့ချချက်တွေက လူကြီးတွေအတွက်တော့ လွယ်လွယ်ကူကူပဲ သမီးအတွက်တော့ နည်းနည်းပြဿနာရှိနေတယ်။ သူနားမလည်ဘူးပေါ့လေ။ တစ်ချို့ကိစ္စတွေက စာသင်ခန်းထဲမှာ အဆင်ပြေပြေဖြစ်နိုင်ပေမဲ့ အွန်လိုင်းကနေ ပို့ချနေတဲ့အခါမှာတော့ ပုံစံက ကလေးအတွက်က ပုံစံတစ်မျိုးဖြစ်နေမယ်။ သူ့ဟာသူ အားကိုးလို့မရ ဖြစ်နေတယ်။ လူကြီးရဲ့ အကူအညီ မပါဘဲ သူတစ်ယောက်တည်း လေ့လာလို့ မရဖြစ်နေတယ် ” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြထားပါတယ်။

“ကျွန်တော်တို့ဟာ ကိုယ့်အလုပ်လည်း လုပ်ရတယ်။ သမီးနဲ့အတူလည်း စာလိုက်သင်နေရတယ်။ ဒါဟာ ကျွန်တော်တို့ မိသားစုအတွက်တော့ အတော်ပင်ပန်းနေရတယ်။ ဇနီးဖြစ်သူကလည်း မိသားစု စားသောက်ရေး ပြင်ဆင်ရတယ်၊ သူ့အလုပ်လည်း လုပ်ရတယ်၊ သမီးအတွက်လည်း အိမ်စာကူလုပ်ရတော့ သူလည်း အတော်ခက်ခဲနေပါတယ်” လို့ အင်တာဗျူးမှာ ဆိုထားပါတယ်။

အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ ဘေဆိုဂျင်းကတော့ သူ့မှာ မူလတန်း 1st Grade တက်နေတဲ့ ကလေးငယ်ရှိနေကာ ကလေးအတွက် သင်ကြားရေး သင်ခန်းစာများကို ရုပ်မြင်သံကြားမှ ပြသနေကာ သင်ခန်းစာတွေကို ကလေးနဲ့အတူ ကြည့်နေပေမဲ့ ကလေးက စိတ်ဝင်စားမှုနည်းနေကာ အိမ်စာတွေကိုလည်း လုပ်ဖို့ အတော်ကြိုးစားရတယ်။ အိမ်စာအများစုကိုတော့ သူပဲ လုပ်လိုက်ရတယ်လို့ ဆိုပါတယ်။

ကျောင်းမှာတော့ ဆရာတွေ ဆရာမတွေက ကလေးတစ်ဦးချင်းကို အချိန်ပေးပြီး လေ့ကျင့်လို့ရတယ်၊ ကျောင်းသား မတတ်မချင်း နားမလည် မချင်း သင်ပေးလို့ရတယ်။ အွန်လိုင်းကနေ သင်ကြားတဲ့အခါ လေ့လာတဲ့အခါမှာတော့ ကလေးက self study လုပ်ရတယ်၊ မိဘက ကူပေးရတယ် ဆိုပေမဲ့ ကလေးတွက် အချိန်မပေးနိုင်တာတွေ ရှိတဲ့အခါမှာ ကလေးရဲ့ သင်ယူနိုင်မှုမှာ လိုအပ်ချက်တွေ ရှိနေတဲ့ သဘောပဲဖြစ်ပါတယ်။

တောင်ကိုရီးယား ပညာရေးဝန်ကြီးဌာနက မူလတန်းကလေးများဟာ သင်ခန်းစာများကို မိနစ် ၄၀ ပဲ အာရုံစိုက်နိုင်တယ်လို့ ဆိုပေမဲ့ မိဘများကတော့ မိမိတို့ ကလေးများဟာ မိနစ် ၂၀ ခန့်ပဲ အာရုံစိုက်နိုင်တယ်လို့ ဆိုထားကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားများဟာ ဒီစာသင်နှစ်မှာ ကျောင်းအပ်ထားသူပေါင်း ၅ ဒသမ ၄ သန်း ရှိတယ်လို့ ဆိုပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)