တရုတ်လူမျိုးတွေကို အင်းဆက်ပိုးမွှား စားသုံးစေလိုတဲ့ အမျိုးသမီး

0
358

တရုတ်စွန့်ဦးတီထွင် အမျိုးသမီးတစ်ဦးဟာ စားလို့ရနိုင်တဲ့ အင်းဆက်ပိုးမွှားစားသုံးမှုနဲ့ အွန်လိုင်းလယ်သမားဈေးကွက်ကို မြှင့်တင်ပြီး သူ့နိုင်ငံရဲ့ စားသုံးမှုပုံစံတွေ ပိုမိုကောင်းမွန်လာစေဖို့ ကြိုးပမ်းနေပါတယ်။

နည်းပညာ၊ ဖြေဖျော်မှုနဲ့ ဒီဇိုင်းပညာကွန့်ဖရန့်မှာ မစ္စဟိုက ကျန်းမာတဲ့စားသောက်မှု သတင်းစကား ပျံ့နှံ့ဖို့အင်မတန်လိုအပ်နေကြောင်း ပြောဆိုဟောပြော ခဲ့ပါတယ်။ သူမရဲ့လုပ်ဆောင်မှုတွေက အရှိန်အဟုန်ရနေပြီး ပိုးချည်ထုတ်တဲ့ပိုးကောင်ကနေ ပရိုတိန်း ပြုလုပ်မှုအပါအ၀င် ကမ်းလှမ်းမှုတွေ ရရှိနေပါတယ်။

တရုတ်နိုင်ငံမှာ အ၀လွန်မှုနဲ့ ဆီးချိုရောဂါပြဿနာ ကြီးထွားလာနေပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နူန်းရှိတဲ့ တရုတ်နိုင်ငံမှာ စိုက်ပျိုးလို့ရနိုင်တဲ့မြေက ၇ရာခိုင်နူန်းပဲ ရှိကြောင်း မစ္စဟိုက ပြောပါတယ်။

မစ္စဟိုက “ ဆီးချိုသမား လေးဦးမှာ တစ်ဦးက တရုတ် လူမျိုးပါပဲ၊ အ၀လွန်သူ ငါးဦးမှာလည်း တစ်ဦးက တရုတ်ဖြစ်နေပြန်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ မစ္စဟိုက လယ်သမား ၅၇ဦး စီက ထုတ်ကုန်အသစ် ၂၄၀နဲ့ အွန်လိုင်းစိုက်ပျိုးသူဈေးကွက်ကို စတင်ဖြေရှင်းနေပါပြီ။

ပြီးခဲ့တဲ့ ၁၈ လအတွင်းက စတင်ခဲ့တဲ့ သူမရဲ့အွန်လိုင်းဈေးကွက်မှာ မှာယူသူ ၄ သောင်းခန့်ရှိနေပါပြီ။ “ စိုက်ပျိုးသူနဲ့ စားသုံးသူတွေ ရဲ့အကြားက အဟပ်ကွာဟမှုကို ကျွန်မက ကျဉ်းမြောင်းစေချင်တာပါ” လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ လူလတ်တန်းစား များပြားလာနေပြီး ဒီလူတန်းစားက ဧည့်သည်အတွက် စားသောက်ဆိုင်ကနေ အစားအစာမှာယူတဲ့အလေ့ထ ထွန်းကားလာနေပါတယ်။

လက်ရှိအချိန်အထိ အစားအစာတွေထဲမှာ ပိုးကောင်တွေထည့်သွင်းစားသောက်မှုကို တရုတ်နိုင်ငံက ပိတ်ပင်ထားဆဲဖြစ်ပြီး ချွင်းချက်အနေနဲ့ ပိုးချည်ထုတ်တဲ့ ပိုးကောင်ကိုပဲ ဥပဒေအရ ခွင့်ပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)