ပြည်သူကို ထိခိုက်ပြောဆိုမိလို့ ဂျပန်ဝန်ကြီး နှုတ်ထွက်

0
316

၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆုနာမီဒဏ်ကို ခံစားခဲ့ရသူတွေအပေါ် ထိခိုက်စေတဲ့ မှတ်ချက်စကား ပြောဆိုမိတာကြောင့် ဂျပန်ဆောက်လုပ်ရေးဝန်ကြီး မာဆာဟီရိုဟာ နှုတ်ထွက်သွားပါတယ်။

တကယ်လို့ တိုကျိုအနီးမှာသာ ငလျင်ဖြစ်ခဲ့ရင် ဘဏ္ဍာရေးအထိ ဆုံးရှုံးမှုကြီးမားမှာဖြစ်ပြီး တိုင်းပြည်ရဲ့အရှေ့မြောက်ပိုင်းဒေသ မှာ ဖြစ်ပေါ်ခဲ့လို့ အတော်လေးကောင်းပါတယ်ဆိုပြီး ၀န်ကြီး မာဆာဟိရိုက ပြောဆိုခဲ့တာပါ။ အဆိုပါမှတ်ချက်ကို မနေ့က ပြုလုပ်ခဲ့တဲ့ ဥပဒေပြု လွှတ်တော်အမတ် ပါတီတစ်ခုမှာ သူက ပြောဆိုခဲ့တာပါ။

အဆိုပါ မှတ်ချက်ပြောဆိုမှုကို ဂျပန် NKK သတင်းဌာနက ရုပ်သံဖိုင်နဲ့ ထုတ်လွှင့်ခဲ့ပြီး အများပြည်သူတို့အကြားမှာ ဒေါသပေါက်ကွဲမှုဖြစ်ပေါ်စေခဲ့ပါတယ်။ ၀န်ကြီးချုပ်ရှင်ဇိုအဘေးလည်း အဆိုပါပါတီပွဲမှာ ရှိနေခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာမာဆာဟိရိုရဲ့စကားအတွက် တောင်းပန်ပြောဆိုခဲ့ပါတယ်။

၂၀၁၁ခုနှစ် ငလျင်ဟာ ဆုနာမီနဲ့အတူဖြစ်ပေါ်ခဲ့ပြီး တိုဟူကုဒေသမှာတည်ရှိတဲ့ ဖူကူရှီးမား မှာ နျူကလီယားဘေးဒဏ် ပေါ်ပေါက်စေခဲ့ပါတယ်။
“တိုဟူကုမှာတောင် ဒေါ်လာ ၂၂၅ ဘီလျံလောက် ဆုံးရှုံးခဲ့ရတယ်။ တကယ်လို့သာ တိုကျိုတ၀ိုက်မှာဆိုရင် မမျှော်မှန်းနိုင်လောက် အောင် ထိခိုက်သွားမှာပဲလို့ဆိုချင်ခဲ့တာပါ” လို့ နောက်ပိုင်းမှာ ၀န်ကြီး မာဆာဟိရိုက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့ပြော ခဲ့တဲ့ စကားထိခိုက်မှားယွင်းမှုကို တာဝန်ယူတဲ့အနေနဲ့ ယနေ့မှာ နှူုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ဥပဒေပြုအမတ် မဆာယိုရှီယိုရှီနိုကို လစ်လပ်သွားတဲ့ ၀န်ကြီးနေရာမှာ ခန့်ထားမှာဖြစ်ပါတယ်။ ပြင်းအား ၉ ရစ်ချက်မီတာစကေးရှိတဲ့ ၂၀၁၁ ခုနှစ်ငလျင်ကြောင့် လူပေါင်း တစ်သောင်းရှစ်ထောင်ကျော် သေကြေခဲ့ရပါတယ်။

ဒါ့အပြင် ဖူကူရှီးမားဒေသမှာရှိတဲ့ နျူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကိုလည်း အရည်ပျော်ကျစေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)