ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ကျန်တော့တဲ့ ကြံ့လူပျိုကြီး ကြင်ဖော်ရှာဖို့ ခက်ခဲနေ

0
354

ကမ္ဘာပေါ်မှာ တစ်ကောင်တည်းသာ ကျန်တော့တဲ့ မြောက်ပိုင်းကြံ့ဖြူကြီးအတွက် ရန်ပုံငွေရှာဖို့ အောင်သွယ် App တစ်ခုဖြစ်တဲ့ Tinder မှာ မှတ်ပုံတင်လိုက်ကြောင်း သိရှိရပါတယ်။

အဆိုပါ App ကို အသုံးပြုသူတွေအနေနဲ့ ကြံ့ကြီးကိုသတိထားမိပြီး မျိုးမသုန်းစေဖို့ လှူဒါန်းမှုတွေ ပြုလုပ်နိုင်အောင် အခုလို စီစဉ်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ကြံ့ကြီးဆူဒန်ဟာ မျိုးသုန်းနေပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ တစ်ကောင်းတည်း ကျန်တော့တာကြောင့် ထိန်း သိမ်းစောင့်ရှောက်ရေး သမားတွေက အခုလိုအရေးတကြီး ၀ိုင်းဝန်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ မျိုးနွယ်တူတဲ့ ကင်ညာက နောက်ဆုံးလက်ကျန် ကြံ့မကြီးနှစ်ကောင်နဲ့ မိတ်လိုက်ဖို့ စီစဉ်ပေးခဲ့ကြပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် ကြံ့တွေကို ဖန်ပြွန်သန္ဓေသားနည်း (IVF) နဲ့လုပ်ဆောင်ပေးမယ်ဆိုရင် ရန်ပုံငွေ ဒေါ်လာ ၁၀ သန်းကုန်ကျမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီနည်းလမ်းမျိုးကို အရင်က ကြံ့တွေမှာ တစ်ခါမှ အသုံးမပြုခဲ့ဖူးသေးပါဘူး။ Tinder app မှာတော့ ကြံ့ကြီး ဆူဒန်ရဲ့ပရိုဖိုင်မှာ အခုလိုရေးသားထားတာကို တွေ့ရှိရမှာပါ။

သိပ္ပံပညာရှင်တွေက မြောက်ပိုင်းကြံ့ဖြူနှစ်ကောင်ကို ဖန်ပြွန်သန္ဓေဆောင်နိုင်စေဖို့ စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ တကယ်လို့ မဖြစ်နိုင်ခဲ့ရင် တောင်ပိုင်းကြံ့တွေနဲ့လည်း စမ်းသပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုတောင်ပိုင်းကြံ့တွေနဲ့ စမ်းသပ်လို့ အောင်မြင်ခဲ့ရင် မျိုးစိတ်အရ ရောနှောသွားမှာဖြစ်ပေမယ့်လည်း လုံးဝမျိုးသုန်းသွားတာထက်စာရင် မဆိုးရွားလှပါဘူးလို့ ပညာရှင် တွေက ပြောဆိုခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာ တစ်ဦးတည်းသောကြံ့လူပျိုလို့ တင်စားထားရတဲ့ ဆူဒန်ကို လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ သက်တော်စောင့်ထားပေးထားပြီး နာရီတိုင်းမှာ စောင့်ကြည့်နေကြပါတယ်။

အသက်အရွယ်အိုမင်းလာနေပြီဖြစ်တဲ့ ဆူဒန်ကို မရေမတွက်နိုင်တဲ့ ရုပ်သံမှတ် တမ်းအစီအစဉ်တွေလည်း ရိုက်ကူးခဲ့ပြီးပါပြီ။ တကယ်တော့ ဗဟိုအာဖရိက
မှာ ရှင်သန်ကျန်ရစ်နိုင်စွမ်းရှိတဲ့ ကြံ့ဆိုလို့ မြောက်ပိုင်း ကြံ့တွေပဲရှိပါတယ်။

ဒါပေမဲ့ ဦးချိုကိုပစ်မှတ်ထားခိုးယူနေကြတဲ့ မှောင်ခိုသမားတွေရဲ့လက်ချက်နဲ့ ကြံ့မျိုးသုန်းလုနီးပါး အခြေစိုက်ခဲ့ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)