နယ်စပ်တံတိုင်း ရန်ပုံငွေ သမ္မတထရန့် ပြန်ရုပ်သိမ်း

0
244

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်ဟာ အခု ရက်သတ္တပတ်ရဲ့ အသုံးစားရိတ်ဘီလ်ကနေ သူ့ရဲ့ မက္ကဆီကိုနယ်စပ်တံတိုင်း ရန်ပုံငွေ ထုတ်ယူမယ့် အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းဖို့ ညွှန်ကြားလိုက်ပါတယ်။

သမ္မတရဲ့ နီးစပ်တဲ့အကြံပေးဖြစ်သူ ကယ်လီယန်းကွန်ဝေးက လာမယ့်သောကြာနေ့သတ်မှတ်မယ့် ဘတ်ဂျက်မှာ တံတိုင်းရန်ပုံငွေကို ချန်လှပ်ခဲ့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါတံတိုင်းစီမံကိန်းက ထရန့်ရဲ့မဲဆွယ်စည်းရုံးရေးကာလမှာ အဓိက ကတိက၀တ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘတ်ဂျက်သတ်မှတ်ချက် အချိန်မီ မထုတ်ပြန်နိုင်ခဲ့ရင် အစိုးရယန္တယားရပ်ဆိုင်းမှုဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်အတွင်းမှာ အိမ်ဖြူတော်နဲ့ အစိုးရ၀န်ထမ်းတွေကို လစာမဲ့အားလပ်ရက်ပေးလေ့ရှိပြီး ယန္တယား ပြန်လည်စတင်ချိန်မှာ အလုပ်ပြန် လုပ်ကြရပါတယ်။

အဆိုပါဖြစ်စဉ်မျိုး သမ္မတအိုဘားမား လက်ထက်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အခု ဖြစ်စဉ်မှာ တကယ်လို့ တံတိုင်းဘတ်ဂျက် ထည့်ဆွဲခဲ့မယ်ဆိုရင် ဒီမိုကရက်တွေက အဆိုပါဘီလ်ကို အတည်မပြုဘဲ ပိတ်ပင်ထား မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ချန်လှပ်ခဲ့တာက အစိုးရယန္တယား ရပ်ဆိုင်းမှု မဖြစ်ပေါ်အောင် တားဆီးနိုင်ဖွယ် ရှိပါတယ်။

ဒါပေမဲ့လည်း သမ္မတထရန့်ကတော့ တံတိုင်းစီမံကိန်းကို သူ့အနေနဲ့ ထောက်ခံသွားမှာဖြစ်ကြောင်းနဲ့ တည်ဆောက်မှုကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ကွန်ဆာဗေးတစ်မီဒီယာတွေနဲ့ ပြီးခဲ့တဲ့တနင်္လာညပိုင်းက တွေ့ ဆုံမှုမှာ သမ္မတထရန့်က အခုနှစ်နှောင်းပိုင်းမှာ တံတိုင်းစီမံကိန်းရန်ပုံငွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)