တရုတ်က နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေ ထူထောင်မယ်

0
272

တရုတ် တယ်လီကွန်မြူနီကေးရှင်း လုပ်ငန်းစုက နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေကို အိမ်နီးချင်း နိုင်ငံတွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။

တရုတ်-ပါကစ္စတန် သတင်းအချက်အလက် ဆက်သွယ်ရေးလမ်းကြောင်း၊ တရုတ်-လာအို-ထိုင်း နဲ့ တရုတ်-ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလမ်းကြောင်းတွေ တည်ဆောက်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး လမ်းကြောင်းများ တည်ဆောက်ခြင်းဟာ ပထမခြေလှမ်း ဖြစ်ပါတယ်လို့ တရုတ် တယ်လီကွန်း ဂလိုဘယ် လီမိတက်ရဲ့ နိုင်ငံတကာ ယူနစ်က CEO မစ္စတာ တိန့်ရှောင်ဖင်က ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)