သတင်းတုတွေ တိုက်ဖျက်ဖို့ ဝီကီပီဒီးယား တည်ထောင်သူ စတင် လုပ်ဆောင်

0
356

သတင်းတုတွေ ပျံ့နှံ့မှုကို တိုက်ဖျက်ကို ဝန်ဆောင်မှုတစ်ခုကို ဝီကီပီဒီးယား တည်ထောင်သူ ဂျင်မီ ဝေးလ်စ် (Jimmy Wales) က စတင်လိုက်ပါတယ်။

အင်တာနက် စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်တဲ့ ဂျင်မီဝေးလ်စ်က ဝီကီထရီဗျူး (Wikitribune) ဆိုတဲ့ သတင်း အစီအစဉ်ကို စတင်လိုက်ပါတယ်။ အဲဒီအစီအစဉ်အရ ပရော်ဖက်ရှင်နယ် သတင်းသမားတွေနဲ့ လူထု ဝိုင်းဝန်းပံ့ပိုးသူတွေက အချက်အလက် စစ်ဆေးပြီး ကမ္ဘာ့သတင်းတွေကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

အဲဒီသတင်းအစီအစဉ်ကို မည်သူမဆို အခမဲ့ သုံးနိုင်ပါတယ်။ တကယ်လို့ အဲဒီအစီအစဉ်ကို လှူဒါန်း ထောက်ပံ့ချင်ရင်လည်း ထောက်ပံ့နိုင်ပါတယ်။ ပွင့်လင်းမြင်သာမှု အစီအမံအရ အင်တာဗျူးတွေကိုလည်း တလုံးမကျန် အပြည့်အစုံ ဖော်ပြမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တွေနဲ့ စီတီဇင် ဂျာနယ်လစ်တွေ တက်ညီလက်ညီ အတူတကွ ဖြစ်ပျက်နေတဲ့ သတင်းတွေကို ရေးမယ်၊ နောက်ဆုံးရ အချက်အလက်တွေ ထည့်ပြီး တိုက်ရိုက် တည်းဖြတ်မယ်၊ အချက်တွေကို လူထုအကူအညီနဲ့ တချိန်လုံး အကြိမ်ကြိမ်စစ်ဆေးမှာ ဖြစ်တယ်လို့ မစ္စတာ ဝေးလ်စ်က ပြောပါတယ်။

လူသုံးများ ဂူဂယ်နဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ် အပါအဝင် သတင်းရင်းမြစ် ဖြန့်ဖြူးတဲ့ နေရာတွေဟာ သတင်းတုတွေ ပျံ့နှံ့ရာ နေရာတွေ ဖြစ်လာတာကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)