အေမရိကန္နဲ႔ ေတာင္ကိုရီးယားတုိ႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈကို အခုႏွစ္ကုန္ ျပန္စမယ္

0
2211

အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏုိင္ငံက စစ္သားေထာင္ခ်ီ ပူးေပါင္းျပဳလုပ္မယ့္ စစ္ေရးေလက်င့္မႈကို ေရႊဆုိင္းခဲ့ေပမယ့္ အခုႏွစ္ေနာက္ပိုင္းမွာ ျပန္လည္ျပဳလုပ္သြားမယ္လို႔  ေတာင္ကိုရီးယား ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံရဲ႕  စစ္ေရးၿခိမ္းေျခာက္မႈေတြကို တံု႔ျပန္ႏုိင္ဖုိ႔ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ တုိ႔ဟာ ပူးတြဲစစ္ေရးေလက်င့္မႈေတြ လုပ္ခဲ့ၿပီး မတ္လနဲ႔ ဧၿပီလေတြမွာ ပူးတြဲစစ္ေရးေလက်င့္မႈ ပံုမွန္ခဲ့ပါတယ္။

ေတာင္ကိုရီးယား စစ္ဘက္တာဝန္ရွိသူ တစ္ဦးျဖစ္သူ ခြ်ိဳင္ ဟြန္ဆူးက ပူးတြဲစစ္ေရးေလ့က်င့္မႈကို ျပန္လုပ္မွာ ျဖစ္ေပမယ့္  ပူးတြဲစစ္ေရးေလက်င့္မႈ စတင္မယ့္ရက္နဲ႔ အင္အား ဘယ္ေလာက္ပါဝင္မယ္ဆုိတဲ့ အခ်က္ကို အတိအက် မေျပာႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံဟာ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တုိ႔ရဲ႕ ပူးတြဲစစ္ေရး ေလ့က်င့္မႈေတြကို ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့ဖူးပါတယ္။ ေတာင္ကိုရီးယားႏုိင္ငံမွာ ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပြဲ က်င္းပဖို႔ ရွိေနတာေၾကာင့္ ပူးတြဲစစ္ေရးေလက်င့္မႈကို ဆုိင္းငံ့ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အခုနှစ်ကုန် ပြန်စမယ်

အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံက စစ်သားထောင်ချီ ပူးပေါင်းပြုလုပ်မယ့် စစ်ရေးလေကျင့်မှုကို ရွှေဆိုင်းခဲ့ပေမယ့် အခုနှစ်နောက်ပိုင်းမှာ ပြန်လည်ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန် တို့ဟာ ပူးတွဲစစ်ရေးလေကျင့်မှုတွေ လုပ်ခဲ့ပြီး မတ်လနဲ့ ဧပြီလတွေမှာ ပူးတွဲစစ်ရေးလေကျင့်မှု ပုံမှန်ခဲ့ပါတယ်။ တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူ တစ်ဦးဖြစ်သူ ချွိုင် ဟွန်ဆူးက ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြန်လုပ်မှာ ဖြစ်ပေမယ့် ပူးတွဲစစ်ရေးလေကျင့်မှု စတင်မယ့်ရက်နဲ့ အင်အား ဘယ်လောက်ပါဝင်မယ်ဆိုတဲ့ အချက်ကို အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ဖူးပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ ရှိနေတာကြောင့် ပူးတွဲစစ်ရေးလေကျင့်မှုကို ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)