အေမရိကန္ ေလေၾကာင္းတုိက္ခုိက္မႈ ပါကစၥတန္ရွိ တာလီဘန္တပ္မႉး ေသဆံုး

0
2188

ပါကစၥတန္နဲ႔ အာဖန္ဂန္နစၥတန္ နယ္စပ္ေဒသကို အေမရိကန္က ဗံုးႀကဲတုိက္ခုိက္မႈေၾကာင့္ တာလီဘန္ တပ္မႉးတစ္ဦး ေသဆံုးသြားခဲ့ပါတယ္။

အေမရိကန္ေလတပ္က ပါကစၥတန္ အေနာက္ေျမာက္ပိုင္းရွိ ရြာကို ဗံုးႀကဲတုိက္ခုိက္ခ်ိန္မွာ ေရခ်ိဳးခန္းထဲ ေရာက္ရွိေနတဲ့ တာလီဘန္တပ္မႉး နာဆာမာမြတ္ကို ထိမွန္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္ ေလေၾကာင္းက ဗံုးႀကဲတုိက္ခိုက္မႈ၊ ဒံုးက်ည္နဲ႔ ပစ္ခတ္မႈေတြေၾကာင့္ ေနာက္ထပ္ တာလီဘန္ လိုလားတဲ့ ေခါင္းေဆာင္ တစ္ဦးလည္း ေသဆံုးသြားခဲ့ပါတယ္။

ပါကစၥတန္ ပိုင္နက္ကို အသံုးျပဳၿပီး အေမရိကန္က ေလေၾကာင္းတုိက္ခိုက္မႈ လုပ္တာကို ပါကစၥတန္ႏုိင္ငံက အျပစ္တင္ထားပါတယ္။

ေဒၚနယ္ထရမ့္ အေမရိကန္ သမၼတ ျဖစ္လာၿပီးေနာက္ အေမရိကန္ – ပါကစၥတန္ ဆက္ဆံေရး ေအးစက္လာခဲ့ပါတယ္။ အေမရိကန္ သမၼတက ပါကစၥတန္ဟာ အၾကမ္းဖက္သမားေတြ ပုန္းခုိဖုိ႔ ဖန္တီးေပးေနတယ္လို႔ စြပ္စြဲထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် လေကြောင်းတိုက်ခိုက်မှု ပါကစ္စတန်ရှိ တာလီဘန်တပ်မှူး သေဆုံး

ပါကစ္စတန်နဲ့ အာဖန်ဂန်နစ္စတန် နယ်စပ်ဒေသကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် တာလီဘန် တပ်မှူးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

အမေရိကန်လေတပ်က ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ရွာကို ဗုံးကြဲတိုက်ခိုက်ချိန်မှာ ရေချိုးခန်းထဲ ရောက်ရှိနေတဲ့ တာလီဘန်တပ်မှူး နာဆာမာမွတ်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု၊ ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေကြောင့် နောက်ထပ် တာလီဘန် လိုလားတဲ့ ခေါင်းဆောင် တစ်ဦးလည်း သေဆုံးသွားခဲ့ပါတယ်။

ပါကစ္စတန် ပိုင်နက်ကို အသုံးပြုပြီး အမေရိကန်က လေကြောင်းတိုက်ခိုက်မှု လုပ်တာကို ပါကစ္စတန်နိုင်ငံက အပြစ်တင်ထားပါတယ်။ ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတ ဖြစ်လာပြီးနောက် အမေရိကန် – ပါကစ္စတန် ဆက်ဆံရေး အေးစက်လာခဲ့ပါတယ်။ အမေရိကန် သမ္မတက ပါကစ္စတန်ဟာ အကြမ်းဖက်သမားတွေ ပုန်းခိုဖို့ ဖန်တီးပေးနေတယ်လို့ စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)