ဂ်ာမနီက တူရကီကို တင့္ကားေတြ ေထာက္ပံေပးမယ့္ အစီအစဥ္ ရပ္တန္႔

0
2421

ဂ်ာမနီႏုိင္ငံအေနနဲ႔ တူရကီႏုိင္ငံကို တင့္ကားေတြ ေထာက္ပံ့လႊဲေျပာင္းေပးမယ့္ အစီစဥ္ ရပ္တန္ဖုိ႔ ဆံုးျဖတ္လုိက္တယ္လို႔ ဂ်ာမန္ ႏိုင္ငံျခားေရးဝန္ႀကီး ဆစ္ဂ္မာ ဂါဘရီရယ္လ္က ေျပာပါတယ္။

တူရကီႏုိင္ငံဟာ ဆီးရီယားႏုိင္ငံမွာ အေျခစိုက္ခ်ေနတဲ့ ကာဒ့္ သူပုန္ေတြကုိ ဆီးရီးယားႏုိင္ငံထဲ ဝင္တုိက္ခုိက္ေနတာေၾကာင့္ တင့္ကားေတြ ေပးမယ့္အစီစဥ္ ရပ္ထားဖို႔ ဆံုးျဖတ္လုိက္တာလို႔ ဂ်ာမန္ ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ ဂ်ာမနီအစိုးရအေနနဲ႔ ပဋိပကၡဇုန္ထဲကို လက္နက္ေတြ မပို႔ဖို႔ ဆံုးျဖတ္လိုက္တာေၾကာင့္ တူရကီကို ေထာက္ပံေပးမယ့္ တင့္ကား အစီစဥ္ကိုလည္း ရပ္ထားလုိက္တာ ျဖစ္ပါတယ္။

တူရကီဟာ ဂ်ာမနီႏုိင္ငံဆီကေန Leopard တင့္ကားေတြ ဝယ္ယူလိုမႈနဲ႔ ပတ္သက္လုိ႔ ဂ်ာမနီအစိုးရ ဆံုးျဖတ္ခ်က္ ခ်မယ့္အခ်ိန္မွာ အခုလုိ ဆံုးျဖတ္ခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံက ဆီးရီယားႏုိင္ငံ အာဖရင့္ၿမိဳ႕ထဲကို တူရကီက တုိက္ခိုက္မႈေတြ လုပ္တာနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈျဖစ္ရတယ္လို႔ ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျာမနီက တူရကီကို တင့်ကားတွေ ထောက်ပံပေးမယ့် အစီအစဉ် ရပ်တန့်

ဂျာမနီနိုင်ငံအနေနဲ့ တူရကီနိုင်ငံကို တင့်ကားတွေ ထောက်ပံ့လွှဲပြောင်းပေးမယ့် အစီစဉ် ရပ်တန်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာ ဂါဘရီရယ်လ်က ပြောပါတယ်။

တူရကီနိုင်ငံဟာ ဆီးရီယားနိုင်ငံမှာ အခြေစိုက်ချနေတဲ့ ကာဒ့် သူပုန်တွေကို ဆီးရီးယားနိုင်ငံထဲ ဝင်တိုက်ခိုက်နေတာကြောင့် တင့်ကားတွေ ပေးမယ့်အစီစဉ် ရပ်ထားဖို့ ဆုံးဖြတ်လိုက်တာလို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂျာမနီအစိုးရအနေနဲ့ ပဋိပက္ခဇုန်ထဲကို လက်နက်တွေ မပို့ဖို့ ဆုံးဖြတ်လိုက်တာကြောင့် တူရကီကို ထောက်ပံပေးမယ့် တင့်ကား အစီစဉ်ကိုလည်း ရပ်ထားလိုက်တာ ဖြစ်ပါတယ်။

တူရကီဟာ ဂျာမနီနိုင်ငံဆီကနေ Leopard တင့်ကားတွေ ဝယ်ယူလိုမှုနဲ့ ပတ်သက်လို့ ဂျာမနီအစိုးရ ဆုံးဖြတ်ချက် ချမယ့်အချိန်မှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက ဆီးရီယားနိုင်ငံ အာဖရင့်မြို့ထဲကို တူရကီက တိုက်ခိုက်မှုတွေ လုပ်တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုဖြစ်ရတယ်လို့ ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)