
0
2119




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းရွေးကောက်ပွဲ ထပ်မံနှောင့်နေးဖွယ်ရှိ

ထိုင်းနိုင်ငံမှာ ကာလအတန်ကြာ နှောင့်နေးမှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲဟာ ထပ်မံ နှောင့်နေးမှု ဖြစ်လာဖွယ်ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။

ထိုင်း ဥပဒေပြုရေး လွှတ်တော်က ရွေးကောက်ပွဲ ဥပဒေသစ် စတင်မယ့်ရက် နှောင့်နှေးစေဖို့ ဆန္ဒမဲပေးခဲ့တာကြောင့် ရွေးကောက်ပွဲဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အထိ နှောင့်နှေးဖွယ် ရှိနေပါတယ်။ ထိုင်းစစ်အစိုးရဟာ ၂၀၁၄ ခုနှစ်က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ထိုင်းစစ်အစိုးရက ရွေးကောက်ပွဲကို အခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမယ်လို့ ကတိပေးခဲ့ပေမယ့် ရွေးကောက်ပွဲ ဥပဒေသစ် စတင်မယ့်ရက် နှောင့်နေးတာကြောင့် ရွေးကောက်ပွဲကလည်း နှောင့်နေးဖွယ် ရှိနပါတယ်။ ဖြုတ်ချခံရတဲ့ ထိုင်းအစိုးရအဖွဲ့ဝင်တွေကတော့ ထိုင်းစစ်အစိုးရဟာ အာဏာကို ဆက်လက် ကိုင်ထားချင်နတယ်လို့ စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)