ေျမာက္ကိုရီးေခါင္းေဆာင္ ႏွမကို  အမ်ိဳးသားလံုၿခံဳေရးဌာန အႀကီးအကဲခန္႔

0
2196

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္ရဲ႕ ႏွမျဖစ္သူ ကင္ယိုဂၽြန္ကို ေျမာက္ကိုရီးယား ႏုိင္ငံရဲ႕ အမ်ိဳးသားလံုၿခံဳေရးဌာန တာဝန္ခံအျဖစ္ ခန္႔အပ္ တာဝန္ေပးလုိက္ပါတယ္။   

အမ်ိဳးသားလံုၿခံဳေရး ဌာကို အရင္က ကင္ဂ်ဳံအန္ရဲ႕ ဦးေလး ဂ်န္ေဆာင္တက္ တာဝန္ယူခဲ့ၿပီး ဂ်န္ေဆာင္တက္ဟာ ၂၀၁၃ ခုႏွစ္မွာ ကြပ္မ်က္ခံခဲ့ရပါတယ္။ ႏွမျဖစ္သူ ကင္ယိုဂၽြန္ဟာ  ေျမာက္ကိုရီးယား ရဲဌာနနဲ႔ တရားေရးဌာနကို ပူးေပါင္းထားတဲ့ အမ်ိဳးသားလံုၿခံဳေရး အႀကီးအကဲအျဖစ္ တာဝန္ယူရမွာလည္း ျဖစ္ပါတယ္။  

ဦေလးျဖစ္သူ ဂ်န္ေဆာင္တက္ ကြပ္မ်က္ခံရၿပီးေနာက္ အမ်ိဳးသားလံုၿခံဳေရး ဌာနကို ေျမာက္ကိုရီးယား အလုပ္သမားပါတီ ႀကီးၾကပ္မႈေအာက္ လႊဲေပးခဲ့ၿပီး အခုမွသာ ႏွမျဖစ္သူ ကင္ယိုဂၽြန္ကို ခန္႔အပ္တာဝန္ေပးလုိက္တာ ျဖစ္ပါတယ္။ ကင္ယိုဂၽြန္ဟာ ကင္ဂ်ဳံအန္နဲ႔အတူ ေျမာက္ကိုရီးယား အဆင္ျမင့္အရာရွိ အစည္းအေဝးေတြမွာ အတူတက္ေရာက္ကာ ယွဥ္တြဲထုိင္ခဲ့တယ္လို႔  သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးခေါင်းဆောင် နှမကို အမျိုးသားလုံခြုံရေးဌာန အကြီးအကဲခန့်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ နှမဖြစ်သူ ကင်ယိုဂျွန်ကို မြောက်ကိုရီးယား နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဌာန တာဝန်ခံအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။

အမျိုးသားလုံခြုံရေး ဌာကို အရင်က ကင်ဂျုံအန်ရဲ့ ဦးလေး ဂျန်ဆောင်တက် တာဝန်ယူခဲ့ပြီး ဂျန်ဆောင်တက်ဟာ ၂၀၁၃ ခုနှစ်မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ နှမဖြစ်သူ ကင်ယိုဂျွန်ဟာ မြောက်ကိုရီးယား ရဲဌာနနဲ့ တရားရေးဌာနကို ပူးပေါင်းထားတဲ့ အမျိုးသားလုံခြုံရေး အကြီးအကဲအဖြစ် တာဝန်ယူရမှာလည်း ဖြစ်ပါတယ်။

ဦလေးဖြစ်သူ ဂျန်ဆောင်တက် ကွပ်မျက်ခံရပြီးနောက် အမျိုးသားလုံခြုံရေး ဌာနကို မြောက်ကိုရီးယား အလုပ်သမားပါတီ ကြီးကြပ်မှုအောက် လွှဲပေးခဲ့ပြီး အခုမှသာ နှမဖြစ်သူ ကင်ယိုဂျွန်ကို ခန့်အပ်တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။ ကင်ယိုဂျွန်ဟာ ကင်ဂျုံအန်နဲ့အတူ မြောက်ကိုရီးယား အဆင်မြင့်အရာရှိ အစည်းအဝေးတွေမှာ အတူတက်ရောက်ကာ ယှဉ်တွဲထိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)