အိႏၵိယ  ႐ုပ္ရွင္ဇာတ္ကားေၾကာင့္ အိႏၵိယ မွာ အၾကမ္းဖက္ ဆႏၵျပမႈေတြျဖစ္လာ

0
2090

အျငင္းပြားဖြယ္ရာ အိႏၵိယ ေဘာလိဝုဒ္ ႐ုပ္ရွင္ကား စတင္ျပသတဲ့ ဇန္နဝါရီ ၂၅ ရက္ေန႔မွာ အိႏၵိယႏုိင္ငံတဝန္း  အၾကမ္းဖက္ ဆႏၵျပမႈေတြ၊ မီး႐ိႈ႕မႈေတြ ျဖစ္ေပၚေနပါတယ္။

ဟိႏၵဴ မင္းသမီးတစ္ဦးနဲ႔  မြတ္စလင္ဘုရင္ တစ္ပါးၾကား အခ်စ္ေရးကို အေျခခံကာ ႐ိုက္ကူးထားတဲ့ ပတ္ဒ္မာဗတ္ (Padmaavat) ႐ုပ္ရွင္ဇာတ္ကားကို ဟိႏၵဴ ေရွး႐ိုးစြဲဝါဒီေတြက ေက်နပ္ႏွစ္သက္မႈ မရွိပါဘူး။ အဲဒီ႐ုပ္ရွင္ကားကို မျပသဖို႔နဲ႔ ျပသမယ္ဆုိပါက ႐ုပ္ရွင္႐ံုေတြကို တုိက္ခုိက္သြားမယ္လို႔ ဟိႏၵဴ ေရွး႐ိုးစြဲဝါဒီေတြက သတိေပးခဲ့ပါတယ္။

ဆႏၵျပမႈေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းေတြ ကတည္းက စတင္ခဲ့ၿပီး ရဲေတြနဲ႔ ဆႏၵျပသူေတြၾကား ထိပ္တုိက္ရင္ဆုိင္မႈေတြရွိကာ စာသင္ေက်ာင္း တခ်ိဳ႕ကိုလည္း ပိတ္ထားရပါတယ္။  ႐ုပ္ရွင္ျပသဖုိ႔ ေတာင္းဆုိထားတဲ့ ျပည္နယ္ ၄ ခုကိုလည္း အိႏၵိယတရား႐ံုးခ်ဳပ္က ပိတ္ပင္ထားပါတယ္။

႐ုပ္ရွင္ထုတ္လုပ္သူေတြကေတ့ာ အဲဒီ႐ုပ္ရွင္ဟာ အျငင္းပြားမႈေတြ ျဖစ္စရာအေၾကာင္းမရွိဘူးလို႔ ေျပာပါတယ္။ ဇန္နဝါရီ ၂၅ ရက္ေန႔က အိႏၵိယႏိုင္ငံတဝန္းရွိ ႐ုပ္ရွင္႐ံု ၅၀၀၀ ေက်ာ္မွာ အဲဒီ႐ုပ္ရွင္ကို ျပသခဲ့ၿပီး ေနရာတခ်ိဳ႕မွာ အၾကမ္းဖက္ ဆႏၵျပတာေတြ ျဖစ္လာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ ရုပ်ရှင်ဇာတ်ကားကြောင့် အိန္ဒိယ မှာ အကြမ်းဖက် ဆန္ဒပြမှုတွေဖြစ်လာ

အငြင်းပွားဖွယ်ရာ အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်ကား စတင်ပြသတဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံတဝန်း အကြမ်းဖက် ဆန္ဒပြမှုတွေ၊ မီးရှို့မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဟိန္ဒူ မင်းသမီးတစ်ဦးနဲ့ မွတ်စလင်ဘုရင် တစ်ပါးကြား အချစ်ရေးကို အခြေခံကာ ရိုက်ကူးထားတဲ့ ပတ်ဒ်မာဗတ် (Padmaavat) ရုပ်ရှင်ဇာတ်ကားကို ဟိန္ဒူ ရှေးရိုးစွဲဝါဒီတွေက ကျေနပ်နှစ်သက်မှု မရှိပါဘူး။ အဲဒီရုပ်ရှင်ကားကို မပြသဖို့နဲ့ ပြသမယ်ဆိုပါက ရုပ်ရှင်ရုံတွေကို တိုက်ခိုက်သွားမယ်လို့ ဟိန္ဒူ ရှေးရိုးစွဲဝါဒီတွေက သတိပေးခဲ့ပါတယ်။

ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေ ကတည်းက စတင်ခဲ့ပြီး ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေရှိကာ စာသင်ကျောင်း တချို့ကိုလည်း ပိတ်ထားရပါတယ်။ ရုပ်ရှင်ပြသဖို့ တောင်းဆိုထားတဲ့ ပြည်နယ် ၄ ခုကိုလည်း အိန္ဒိယတရားရုံးချုပ်က ပိတ်ပင်ထားပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတွေကတော့ အဲဒီရုပ်ရှင်ဟာ အငြင်းပွားမှုတွေ ဖြစ်စရာအကြောင်းမရှိဘူးလို့ ပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့က အိန္ဒိယနိုင်ငံတဝန်းရှိ ရုပ်ရှင်ရုံ ၅၀ဝ၀ ကျော်မှာ အဲဒီရုပ်ရှင်ကို ပြသခဲ့ပြီး နေရာတချို့မှာ အကြမ်းဖက် ဆန္ဒပြတာတွေ ဖြစ်လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)