
0
2337




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါလက်စတိုင်းဟာ အမေရိကန်ကို လေးစားမှု မရှိဘူးလို့ သမ္မတ ထရမ့်ပြော

အမေရိကန်နိုင်ငံဟာ ပါလက်စတိုင်းကို တစ်နှစ်လျှင် ဒေါ်လာသန်းချီ အကူညီပေးခဲ့ပေမယ့် ပါလက်စတိုင်း ခေါင်းဆောင်တွေဟာ အမေရိကန်ကို လေးစားမှု မရှိဘူးလို့ သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

အခု သီတင်းပတ်အတွင်းမှာ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိခဲ့တဲ့ အမေရိကန် ဒု သမ္မတ မိုက်ကယ် ပန်စ့်ကို တွေ့ဆုံဖို့ ပါလက်စတိုင်း ခေါင်းဆောင်တွေက ငြင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗိုစ့်မြို့မှာ ကျင်းပနေတဲ့ စီးပွားရေး ဖိုရမ်မှာ သမ္မတ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးရေး လုပ်ငန်းတွေမှာ ပါဝင်မှု မရှိဘူးဆိုရင် ငွေကြေးထောက်ပံ့မှုတွေ ဆက်ပေးမှာ မဟုတ်ဘူးလို့ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။ ပါလက်စတိုင်း ခေါင်းဆောင်တွေဟာ အမေရိကန် ဒု သမ္မတ ပန်စ့် ပါလက်စတိုင်းကို ရောက်ရှိချိန်မှာ တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)