ဗင္နီဇြဲလား ႏုိင္ငံဆုိင္ရာ စပိန္သံအမတ္ႀကီး ႏွင္ထုတ္ခံရ

0
2184

ဗင္နီဇြဲလားႏိုင္ငံဆုိင္ရာ စပိန္သံအမတ္ႀကီး ဂ်ီဆပ္ ေဆးလ္ဗား ဖာနန္ဒက္ဇ္ဟာ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္မႈေတြ ရွိေနတယ္ဆိုၿပီး ဗင္နီဇြဲလားအစိုးရက တိုင္းျပည္ကေန ႏွင္ထုတ္လုိက္ပါတယ္။

စပိန္ႏုိင္ငံကေတာ့ ဗင္နီဇြဲလားႏုိင္ငံရဲ႕ စြပ္စြဲခ်က္ေတြကို ပယ္ခ်ထားၿပီး ႏွင္ထုတ္မႈအတြက္ တံု႔ျပန္သြားမယ္လုိ႔ ေျပာထားပါတယ္။ ဥေရာပသမဂၢက ဗင္နီဇြဲလား အႀကီးတန္းအရာရွိ ၇ ဦးရဲ႕ ပိုင္ဆုိင္မႈကို သိမ္းဆည္းတဲ့အျပင္ ခရီးသြားခြင့္ ပိတ္ပင္မႈေတြ လုပ္လုိက္ၿပီးေနာက္ ဗင္နီဇြဲလားႏုိင္ငံက စပိန္သံအမတ္ႀကီးကို ႏွင္ထုတ္တဲ့ေၾကညာခ်က္ ထုတ္ခဲ့တာပါ။

စပိန္ႏိုင္ငံဟာ ဗင္နီဇြဲလားႏုိင္ငံအေပၚ ပိတ္ပင္မႈေတြလုပ္ဖုိ႔ ဥေရာပသမဂၢကို တြန္းအားေပးတဲ့အျပင္ သမၼတ ရာထူးက ျဖဳတ္ခ်ဖုိ႔ ႀကံစည္ေနတယ္လို႔ ဗင္နီဇြဲလား သမၼတ မာဒူ႐ိုက စြပ္စြဲထားပါတယ္။

ဥေရာပသမဂၢဟာ  ၿပီးခဲ့တဲ့ႏွစ္က ျဖစ္ခဲ့တဲ့ ဆႏၵျပမႈေတြအတြင္း လူေပါင္း ၁၂၀ ေက်ာ္ ေသဆံုးမႈနဲ႔ ပတ္သက္လို႔ ဗင္နီဇြဲလား  ႏိုင္ငံရဲ႕ လူအခြင့္အေရး အေျခေနေတြကို စိုးရိမ္မႈျဖစ္ေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗင်နီဇွဲလား နိုင်ငံဆိုင်ရာ စပိန်သံအမတ်ကြီး နှင်ထုတ်ခံရ

ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ စပိန်သံအမတ်ကြီး ဂျီဆပ် ဆေးလ်ဗား ဖာနန်ဒက်ဇ်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး ဗင်နီဇွဲလားအစိုးရက တိုင်းပြည်ကနေ နှင်ထုတ်လိုက်ပါတယ်။

စပိန်နိုင်ငံကတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပြီး နှင်ထုတ်မှုအတွက် တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။ ဥရောပသမဂ္ဂက ဗင်နီဇွဲလား အကြီးတန်းအရာရှိ ၇ ဦးရဲ့ ပိုင်ဆိုင်မှုကို သိမ်းဆည်းတဲ့အပြင် ခရီးသွားခွင့် ပိတ်ပင်မှုတွေ လုပ်လိုက်ပြီးနောက် ဗင်နီဇွဲလားနိုင်ငံက စပိန်သံအမတ်ကြီးကို နှင်ထုတ်တဲ့ကြေညာချက် ထုတ်ခဲ့တာပါ။

စပိန်နိုင်ငံဟာ ဗင်နီဇွဲလားနိုင်ငံအပေါ် ပိတ်ပင်မှုတွေလုပ်ဖို့ ဥရောပသမဂ္ဂကို တွန်းအားပေးတဲ့အပြင် သမ္မတ ရာထူးက ဖြုတ်ချဖို့ ကြံစည်နေတယ်လို့ ဗင်နီဇွဲလား သမ္မတ မာဒူရိုက စွပ်စွဲထားပါတယ်။

ဥရောပသမဂ္ဂဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူပေါင်း ၁၂၀ ကျော် သေဆုံးမှုနဲ့ ပတ်သက်လို့ ဗင်နီဇွဲလား နိုင်ငံရဲ့ လူအခွင့်အရေး အခြေနေတွေကို စိုးရိမ်မှုဖြစ်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)