ေတာင္ကိုရီးယား ေဆး႐ံု မီးေလာင္မႈ ၄၀ ေက်ာ္ ေသဆံုး

0
2044

 

ေတာင္ကိုရီးယားႏုိင္ငံ၊ မီရီယန္ၿမိဳ႕ ေဆး႐ံုမွာ ဇန္နဝါရီ ၂၅ ရက္ေန႔က မီးေလာင္မႈ ျဖစ္ခဲ့တာေၾကာင့္   အနည္းဆံုး ၄၁ ဦး ေသဆံုးခဲ့ၿပီး ဒါဇင္ခ်ီ ဒဏ္ရာရသြားခဲ့ပါတယ္။  

မီးဟာ ေဆဂြ်န္ေဆး႐ံု အေရးေပၚခန္းကေန စတင္ေလာင္ကၽြမ္းခဲ့တာ ျဖစ္ပါတယ္။ မီးေလာင္ခ်ိန္မွာ   ေဆး႐ံုအေဆာက္အဦးနဲ႔ ကပ္လ်က္ရွိေနတဲ့ သက္ႀကီးျပဳစုေစာင့္ေရွာက္ေရး ေနရာမွာ လူနာေပါင္း ၂၀၀ ေက်ာ္ ရွိေနခဲ့ၿပီး အဲဒီအထဲက အမ်ားစုကုိ ေဘးလြတ္ရာသို႔ ကယ္ထုတ္ႏုိင္ခဲ့ပါတယ္။  

အခုမီးေလာင္မႈဟာ ေတာင္ကိုရီးယားႏုိင္ငံမွာ ဆယ္စုႏွစ္အတြင္း လူေသဆံုးမႈ အမ်ားဆံုးျဖစ္ေစခဲတဲ့ မီးေလာင္မႈျဖစ္ခဲ့ၿပီး ေသဆံုးသူ အေရအတြက္ ဆက္လက္ျမင့္တက္လာႏိုင္ပါတယ္။ ေသဆံုးခဲ့သူေတြဟာ မီးခုိးေၾကာင္း အသက္႐ႈၾကပ္ၿပီး ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား ဆေးရုံ မီးလောင်မှု ၄၀ ကျော် သေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ မီရီယန်မြို့ ဆေးရုံမှာ ဇန်နဝါရီ ၂၅ ရက်နေ့က မီးလောင်မှု ဖြစ်ခဲ့တာကြောင့် အနည်းဆုံး ၄၁ ဦး သေဆုံးခဲ့ပြီး ဒါဇင်ချီ ဒဏ်ရာရသွားခဲ့ပါတယ်။

မီးဟာ ဆေဂျွန်ဆေးရုံ အရေးပေါ်ခန်းကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မီးလောင်ချိန်မှာ ဆေးရုံအဆောက်အဦးနဲ့ ကပ်လျက်ရှိနေတဲ့ သက်ကြီးပြုစုစောင့်ရှောက်ရေး နေရာမှာ လူနာပေါင်း ၂၀ဝ ကျော် ရှိနေခဲ့ပြီး အဲဒီအထဲက အများစုကို ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အခုမီးလောင်မှုဟာ တောင်ကိုရီးယားနိုင်ငံမှာ ဆယ်စုနှစ်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်စေခဲတဲ့ မီးလောင်မှုဖြစ်ခဲ့ပြီး သေဆုံးသူ အရေအတွက် ဆက်လက်မြင့်တက်လာနိုင်ပါတယ်။ သေဆုံးခဲ့သူတွေဟာ မီးခိုးကြောင်း အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)