နည္းျပေမာ္ရင္ဟို မန္ယူနဲ႔ ၂၀၂၀ ျပည့္ႏွစ္အထိ စာခ်ဳပ္သက္တမ္းတုိး

0
1818

မန္ယူနည္းျပ ေမာ္ရင္ဟုိဟာ အသင္းနဲ႔ ၂၀၂၀ ခုႏွစ္အထိ ဆက္ရွိေစမယ့္ သက္တမ္းတုိး စာခ်ဳပ္သစ္ တစ္ရပ္ တိုးျမွင့္ခ်ဳပ္ဆုိလုိက္ပါတယ္။

နည္းျပ ေမာ္ရင္ဟုိဟာ ၂၀၁၆ ခုႏွစ္မွာ မန္ယူနဲ႔ သံုးႏွစ္စာခ်ဳပ္ကာ ေျပာင္းေရႊခဲ့သူ ျဖစ္ပါတယ္။ ေပၚတူဂီႏုိင္ငံသား နည္းျပ ေမာ္ရင္ဟိုဟာ ၂၀၁၆-၁၇ ေဘာလံုးရာသီအတြင္း မန္ယူအသင္းကို ယူ႐ိုပါလိဂ္ခ်န္ပီယံဆု၊ လိဂ္ဖလားခ်န္ပီယံဆုနဲ႔ ကြန္ျမဴနတီဒိုင္း ရေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ၿပီး လက္ရွိ ရာသီမွာလည္း  မန္စီးတီးေနာက္  ဒုတိယေနရာနဲ႔ ရပ္တည္ႏုိင္ေအာင္ စြမ္းေဆာင္ေပးထားပါတယ္။

နည္းျပ ေမာ္ရင္ဟိုက မန္ယူနည္းျပ ျဖစ္ရတာကို အမွန္တကယ္ ဂုဏ္ယူၿပီး အလုပ္ႀကိဳးစားမႈေတြ အေပၚ အသိမွတ္ျပဳတာနဲ႔ ပတ္သက္လို႔ အသင္းပိုင္ရွင္၊ အသင္းအမႈေဆာင္ အရာရွိခ်ဳပ္ ဝုဒ္ဝက္ဒ္တို႔ကို ေက်းဇူးတင္တယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပြမော်ရင်ဟို မန်ယူနဲ့ ၂၀၂၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းတိုး

မန်ယူနည်းပြ မော်ရင်ဟိုဟာ အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ ဆက်ရှိစေမယ့် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။

နည်းပြ မော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ်မှာ မန်ယူနဲ့ သုံးနှစ်စာချုပ်ကာ ပြောင်းရွှေခဲ့သူ ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံသား နည်းပြ မော်ရင်ဟိုဟာ ၂၀၁၆-၁၇ ဘောလုံးရာသီအတွင်း မန်ယူအသင်းကို ယူရိုပါလိဂ်ချန်ပီယံဆု၊ လိဂ်ဖလားချန်ပီယံဆုနဲ့ ကွန်မြူနတီဒိုင်း ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိ ရာသီမှာလည်း မန်စီးတီးနောက် ဒုတိယနေရာနဲ့ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။

နည်းပြ မော်ရင်ဟိုက မန်ယူနည်းပြ ဖြစ်ရတာကို အမှန်တကယ် ဂုဏ်ယူပြီး အလုပ်ကြိုးစားမှုတွေ အပေါ် အသိမှတ်ပြုတာနဲ့ ပတ်သက်လို့ အသင်းပိုင်ရှင်၊ အသင်းအမှုဆောင် အရာရှိချုပ် ဝုဒ်ဝက်ဒ်တို့ကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)